ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီကနေ ထိုင်းကိုအလုပ်သမားစေလွှတ်တာ ရပ်ထား

ကော့ကရိတ်တိုက်ပွဲကြောင့် မြဝတီကနေ ထိုင်းကိုအလုပ်သမားစေလွှတ်တာ ရပ်ထား

ဒီဇင်ဘာ ၂၇ ရက်၊ Migrant Times
  • ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး လမ်းတွေပိတ်ထားတာကြောင့် မြဝတီကနေ ထိုင်းကို အလုပ်သမားစေလွှတ်တာ ရပ်တန့်ထားရတယ်လို့ အလုပ်အကိုင်အေဂျင်စီတွေဆီက သိရပါတယ်။ကော့ကရိတ်-မြဝတီလမ်းဟာ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ပိတ်ထားခဲ့တာကြောင့် အလုပ်သမားစေလွှတ်ဖို့ကို အခြေအနေစောင့်ကြည့်နေရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။
  • ” အလုပ်ဝင်ဖို့ရက် နီးကပ်နေတဲ့သူတွေကိုတော့ ကော့သောင်းလမ်းကြောင်းကနေ ပတ်ပို့တယ်။ ရက်လိုသေးတဲ့သူတွေကိုတော့ အချိန် ခဏပြန်ဆိုင်းထားရတယ် ” လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။အဲဒီကော့ကရိတ်-မြဝတီလမ်းပိုင်းမှာ အောက်တိုဘာလကလည်းတိုက်ပွဲတွေဖြစ်လို့ လမ်းပိတ်ခဲ့ရပြီး အခုထပ်မံဖြစ်ပွားတာဖြစ်ပါတယ်။
  • အောက်တိုဘာလမှာတော့ ထိုင်းကိုသွားမယ့် အလုပ်သမား ထောင်နဲ့ချီ လမ်းမှာပိတ်မိနေခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ပိတ်မိတဲ့ဖြစ်စဥ်မရှိဘူးလို့ သိရပါတယ်။အဲဒီလမ်းပိုင်းဟာ မြန်မာ-ထိုင်း ကုန်စည်စီးဆင်းမှုနဲ့ ထိုင်းကို အလုပ်သမားတွေ အဓိက ဝင်ထွက်သွားလာ အသုံးပြုနေတဲ့ လမ်းဖြစ်ပါတယ်။
( အောက်တိုဘာလက တိုက်ပွဲကြောင့် လမ်းတွင် ပိတ်မိနေသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်)

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *