အလုပ်ထုတ်ခံထားရတဲ့ မြန်မာပေါင်ချိန်စက်ရုံအလုပ်သမားတွေကို အလုပ်ပြန်ခန့်

အလုပ်ထုတ်ခံထားရတဲ့ မြန်မာပေါင်ချိန်စက်ရုံအလုပ်သမားတွေကို အလုပ်ပြန်ခန့်

ဇန်နဝါရီ ၂ ရက်၊ Migrant Times
  • မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေကို ဒီက​ေန ့အလုပ်ပြန်ဝင်ခွင့်ပြုလိုက်တယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။Adidasဖိနပ်ကိုချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်စက်ရုံဟာ အောက်တိုဘာလအတွင်း လုပ်ခတိုးပေးဖို့ဆန္ဒပြတောင်းဆိုမှုမှာ ပါဝင်တဲ့အလုပ်သမား ၂၆ ယောက်ကို အလုပ်ကထုတ်ပယ်ခဲ့တာဖြစ်ပြီး နှစ်ဘက်ညှိနိူင်းမှုတွေ လုပ်ပြီးတဲ့နောက် အလုပ်ပြန်ခန့်ဖို့ သဘောတူလိုက်တာလို့ သိရပါတယ်။အလုပ်သမား ၂၆ယောက်မှာ ၉ ယောက်ကတော့ အလုပ်ပြန်မဝင်တော့ဘဲ နစ်နာကြေးရယူခဲ့ပြီး ကျန် ၁၇ယောက်က လုပ်ငန်းခွင်ပြန်ဝင်ကြမယ်လို့ အဲဒီစက်ရုံအလုပ်သမသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
  • ” လွယ်လွယ်ကူကူ အဆင်ပြေခဲ့တာတော့ မဟုတ်ဘူး။တောင်းဆိုမှုတွေ တော်တော်လုပ်လိုက်ရတာ ” လို့ သူက ပြောပါတယ်။အဲဒီစက်ရုံက အလုပ်သမားတွေအလုပ်ထုတ်ခံရတာ၊လုပ်ခလစာနည်းနည်းနဲ့လုပ်နေကြရတဲ့အကြောင်းကို ကမ္ဘာ့မီဒီယာတွေကပါ ဖော်ပြခဲ့တာပါ။အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ Adidasကုမ္ပဏီကကြားဝင်ညှိနှိုင်းပေးခဲ့ပြီး စက်ရုံက အလုပ်ပြန်ခန့်ခံခဲ့တာလို့သိရပါတယ်။ဒါပေမဲ့ အလုပ်သမားတွေ မူလတောင်းဆိုခဲ့ကြတဲ့ အနည်းဆုံးလုပ်ခတိုးပေးဖို့ကိုတော့ စက်ရုံဘက်ကငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။အဲဒီစက်ရုံကို ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား ၇၀၀၀ လောက်နဲ့ လည်ပတ်နေတာလို့သိရ​ပါတယ်။                                                                                                                                                                                   

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *