မလေးရှားမှာ မြန်မာနိုင်ငံသားစုံတွဲ စကားများရန်ဖြစ်ပြီးအမျိုးသမီးသေဆုံး

မလေးရှားမှာ မြန်မာနိုင်ငံသားစုံတွဲ စကားများရန်ဖြစ်ပြီးအမျိုးသမီးသေဆုံး
- မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား သမီးရည်းစားစကားများ ရန်ဖြစ်ရာမှ လက်လွန်ပြီး အမျိုးသမီးသေဆုံးသွားခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ဆီကသိရပါတယ်။သေဆုံးသူအမျိုးသမီးမှာ အသက် ၂၉ နှစ်အရွယ် မမော်မော်မြင့်ဖြစ်ပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်မှ မလေးရှားနိုင်ငံဆာလာလန်းမြို့မှာ အလုပ် လာလုပ်ကိုင်သူဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက မမော်မော်မြင့်နဲ့သူရဲ့ ရည်းစားဆိုသူ တို့ စကားများ ရန်ဖြစ်ရာမှ ခြေလွန်လက်လွန်ဖြစ်ပြီး သေဆုံး သွားခဲ့တာလို့ဆိုပါတယ်။ကွယ်လွန်သူမိသားစုရဲ့ အကူအညီတောင်းခံမှုကြောင့် နှလုံးလှအဖွဲ့ မှ မလေးရှားနိုင်ငံ အမှုကိုင်ရဲအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီး မနေ့က ကွာလာလမ်ပူ-ချဲရတ်သုဿန်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။