မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေနေရပ်ပြန်ပို့ခံရဖွယ်ရှိ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေနေရပ်ပြန်ပို့ခံရဖွယ်ရှိ
- မလေးရှားနိုင်ငံမှာ မကြာခင်ရက်ပိုင်းက ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့ အဲဒီနိုင်ငံအစိုးရက စီစဥ်နေတယ်လို့ မလေးရှားသတင်းဌာနတွေက ဖော်ထားပါတယ်။မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ဂျလန်အမ်ဘီ (Jalan Imbi)မှာ ဇန်နဝါရီလ ၆ ရက်ညက နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအဖွဲ့က (အော်ပရာဇီ) စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီဖမ်းဆီးခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၅၄၄ ဦး ပါဝင်တယ်လို့ မလေးရှားသတင်းဌာန BARNAMA. com က ဖော်ပြထားပါတယ်။
- ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအများစု ပါဝင်တယ်လို့ဆိုပါတယ်။အထောက်အထားရှိသူတွေကို ပြန်လွှတ်ပေးပေမယ့် မြန်မာနိုင်ငံသား ၁၀၀ ကျော်လောက် အထောက်အထားမရှိလို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး အများစုကတော့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ဖမ်းဆီးခံထားရသူတွေထဲမှာ CDM ဝန်ထမ်းတချို့ပါနိူင်တာကြောင့် နေရပ်ပြန်ပို့မယ်ဆိုရင် သူတို့အတွက်လုံခြုံရေးစိုးရိမ်စရာရှိနေတယ်လို့ မလေးရှားက မြန်မာလူမှုအဖွဲ့တွေက ဆိုပါတယ်။