Site icon Migrant Times

ကားမှာ အမြန်လမ်းရဲဌာန အမှတ်အသားတံဆိပ်ကပ်ပြီးထိုင်းနိုင်ငံထဲ တရားမဝင်မြန်မာလုပ်သားပို့

ကားမှာ အမြန်လမ်းရဲဌာန အမှတ်အသားတံဆိပ်ကပ်ပြီးထိုင်းနိုင်ငံထဲ တရားမဝင်မြန်မာလုပ်သားပို့

ဇန်နဝါရီ ၁၀ ရက်၊ Migrant Times
  • ထိုင်းအမြန်လမ်းရဲဌာန အမှတ်အသားတံဆိပ်ကို ကားမှာကပ်ပြီး အလုပ်သမားပွဲစားတွေက မြန်မာလုပ်သား ၂၉ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ပို့ဆောင်ခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။တရားမဝင်လုပ်သား ပို့တဲ့ပွဲစားတွေဟာ နည်းလမ်းမျိုးစုံအသုံးပြုပြီး ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းကနေလွတ်မြောက်အောင်လုပ်ဆောင်နေပြီးအခုအကြိမ်မှာ ထိုင်းအမြန်လမ်းရဲဌာန စတစ်ကာကပ်ပြီး အလုပ်သမား ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
  • ဇန်နဝါရီလ ၇ ရက်က တရားမဝင်လမ်းကြောင်းကနေ အလုပ်လုပ်ဖို့ဝင်လာတဲ့ မြန်မာလုပ်သား အမျိုးသား ၂၉ ဦးကို ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်ကနေ နရာထိဝပ်ခရိုင်ကို ပွဲစားတွေက ကားနဲ့ ပို့ဆောင်ရာမှာ စုန်ခလာခရိုင်လူဝင်မှုကြီးကြပ်ရဲတွေက ဖမ်းဆီးမိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။တရားမဝင်မြန်မာလုပ်သား ၂၉ ဦးလုံးဟာ အမျိုးသားတွေဖြစ်ပြီး ကန်ကျနဘူရီခရိုင်နဲ့ကပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်ကနေ ဝင်ရောက်လာကြတာဖြစ်ပါတယ်။
  • ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရဆိုရင် သူတို့အားလုံးကို ပွဲစားတွေက ကန်ကျနဘူရီခရိုင်ကနေ ထိုင်းတောင်ပိုင်း နရာထိဝပ်ခရိုင်ကို ပို့ဆောင်မှာလို့သိရပါတယ်။ပို့ဆောင်ပေးခအနေနဲ့ ထိုင်းပွဲစား ၃ ဦးက မြန်မာလုပ်သား တစ်ဦးကို ဘတ် ၃,၀၀၀ နှုန်းရရှိတယ်လို့ ဆိုပါတယ်။မြန်မာပွဲစားတစ်ဦးကတော့ နရာထိဝပ်ကိုတစ်ဆင့်ပို့ဆောင်ပေးမယ့် ပွဲစားနဲ့ ပထမလာပို့ပေးတဲ့ ထိုင်းပွဲစားကားသမားတွေအကြား ချိတ်ဆက်ပေးတာဖြစ်ပြီး မြန်မာလုပ်သားတစ်ဦးကို ဘတ် ၃၀၀ နှုန်းရတယ်လို့ သိရပါတယ်။                                                                                                                                                                                 
Exit mobile version