Site icon Migrant Times

ကိုရီးယားအလုပ်အကိုင်စာမေးပွဲ ရွှေ့ဆိုင်းထားလို့ ဝေဖန်မှု မြင့်တက်

ကိုရီးယားအလုပ်အကိုင်စာမေးပွဲ ရွှေ့ဆိုင်းထားလို့ ဝေဖန်မှု မြင့်တက်

ဇန်နဝါရီ ၁၁ ရက်၊ Migrant Times
  • တောင်ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက် EPS ဒုတိယအသုတ်စာမေးပွဲ ပြုလုပ်မယ့်ရက်ကို အကြောင်းမဲ့ရွှေ့ဆိုင်းထားတာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။ကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကိုဒီဇင်ဘာလမှာ ပြုလုပ်မယ်လို့ လျာထားခဲ့ပြီး အခုအချိန်ထိ ကျင်းပပေးနိုင်ခြင်းမရှိသလို စာမေးပွဲအချိန်စာရင်းကိုလည်း မထုတ်ပြန်တာကြောင့် ဖြေဆိုဖို့စောင့်ဆိုင်းနေသူတွေ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။” စာမေးပွဲဖြေဖို့ ကြိုရောက်နေတာကြာပြီ။ စရိတ်စကတွေလည်း ကုန်တယ်။ ဘယ်တော့ကျင်းပမယ်ဆိုတာ မသိတော့ ဘာဆက်လုပ်ရမယ်မသိတော့ဘူး ” လို့ အဲဒီစာမေးပွဲဖြေဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။
  • အဲဒီလို စောင့်ဆိုင်းနေရသူတွေ ကြိုတင်ပြင်ဆင်တွက်ဆနိုင်ဖို့အတွက် စာမေးပွဲစီစဥ်သူတွေအနေနဲ့ တိတိကျကျအသိပေးကြေညာသင့်တယ်လို့လည်း စောင့်ဆိုင်းနေသူတွေက ဆိုပါတယ်။လက်ရှိမှာ EPS စာမေးပွဲရဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးစာမေးပွဲ၊ ကုန်ထုတ်ပထမအသုတ်စာမေးပွဲတွေ ကျင်းပထားပြီး ကုန်ထုတ်ဒုတိယအသုတ်နဲ့ ဆောက်လုပ်ရေးစာမေးပွဲကျင်းပဖို့ ကျန်နေတာဖြစ်ပါတယ်။ကုန်ထုတ်ဒုတိယအသုတ်စာမေးပွဲကို ဝင်ရောက်​ဖြေဆိုမယ့်သူ ၃၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။အဲဒီစာမေးပွဲအားလုံးအတွက် ဖြေဆိုခွင့်လျှောက်ထားသူ ၃၇၀၀၀ ကျော်ရှိပြီး ဦးရေ ၁၀၀၀၀ နီးပါးအောင်မြင်မှာဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ထုတ်ပြန်ထားပါတယ်။EPS စာမေးပွဲဆက်လက်ကျင်းပမယ့်အစီအစဥ်နဲ့ပတ်သက်လို့ POEA ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။                                                                                                                                             
Exit mobile version