Site icon Migrant Times

အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ သွားမယ့်မြန်မာလုပ်သားတွေအတွက် အကြံပြုချက်နဲ့ QR Code တွေ ထုတ်ပြန်

အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ သွားမယ့်မြန်မာလုပ်သားတွေအတွက် အကြံပြုချက်နဲ့ QR Code တွေ ထုတ်ပြန်

ဇန်နဝါရီ ၁၃ ရက်၊ Migrant Times
  • အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေဆီ သွားရောက်အလုပ်လုပ်မယ့် မြန်မာနိုင်ငံသားတွေ ရှောင်ရန်၊ ဆောင်ရန်အချက်တွေနဲ့ QR Code တွေကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကအမျိုးသမီးတချို့ဟာ အိမ်အကူလုပ်ဖို့ယူအေအီး၊ အိုမန်စတဲ့နိုင်ငံတွေကိုရောက်ရှိနေသလိုအလည်ဗီဇာနဲ့ဆက်လက်ထွက်ခွာမှုတွေရှိနေတာဖြစ်ပါတယ်။အဲဒီကိုရောက်ရှိနေသူအများစုဟာ အလုပ်ပင်ပန်းတာ၊အစားအသောက်ဆင်းရဲတာ စတဲ့အဆင်မပြေမှုတွေကြုံနေကြရတာလို့သိရပါတယ်။သူတို့ရဲ့ပတ်စ်ပို့စာအုပ်တွေကိုအေဂျင့်တွေကသိမ်းထားပြီး သတ်မှတ်လုပ်သက်မပြည့်ဘဲပြန်မယ်ဆိုလျော်ကြေးပေးမှပေးပြန်တဲ့အကျပ်ကိုင်မှုတွေကြုံနေကြရတာလို့ကာယကံရှင်လုပ်သားတချို့ကဆိုပါတယ်။                                                                                                   
Exit mobile version