Site icon Migrant Times

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်း ပထမအသုတ် EPS စာမေးပွဲ ၆၀၀၀ ကျော် အောင်မြင်

ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်း ပထမအသုတ် EPS စာမေးပွဲ ၆၀၀၀ ကျော် အောင်မြင်

ဇန်နဝါရီ ၁၆ ရက်၊ Migrant Times
  • တောင်ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲမှာ ဖြေဆိုသူ ၆၀၀၀ ကျော် အောင်မြင်ခဲ့ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အဲဒီစာမေးပွဲကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၁၀၀၀၀ ကျော်ရှိတာကြောင့် ၆၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တာဖြစ်ပါတယ်။” အရင်နှစ်တွေထက် အောင်ချက်စံချိန်တင်တယ်လို့ ပြောလို့ရတယ်။ တစ်ဘက်က အလုပ်သမားလိုအပ်ချက်ကိုကြည့်ပြီး အောင်မြင်မှုနှုန်းတိုးပေးတဲ့ သဘောပဲ ” လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးက ပြောပါတယ်။
  • လက်ရှိမှာ စိုက်ပျိုးရေး/ မွေးမြူရေး နဲ့ကုန်ထုတ်ပထမအသုတ်စာမေးပွဲတွေကို ကျင်းပထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နဲ့ဆောက်လုပ်ရေးစာမေးပွဲတွေကို ဆက်ပြီးကျင်းပဖို့ကျန်နေပါတယ်။အဲဒီစာမေးပွဲတွေအတွက် ဝင်ရောက်ဖြေဆိုဖို့လျှောက်ထားသူ ၃၇၀၀၀ ခန့်ရှိတယ်လို့လည်းသိရပါတယ်။ဆက်လက်ကျင်းပဖို့ကျန်နေတဲ့စာမေးပွဲတွေကို ဖေဖော်ဝါရီလကနေ ဇွန်လအထိ ပြုလုပ်သွားမယ်လို့ POEAကထုတ်ပြန်ထားပါတယ်။အဲဒီစာမေးပွဲအောင်မြင်သူတွေဟာ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်ခွင့်ရဖို့အခွင့်အလမ်းပိုများစေမှာလည်းဖြစ်ပါတယ်။                                                                                         
Exit mobile version