Site icon Migrant Times

ပြည်ပသွားမယ့်သူတွေ ပတ်စ်ပို့ လုပ်မရလို့တရားမဝင်လမ်းကြောင်းကို ရွေးချယ်​မှုများလာ

ပြည်ပသွားမယ့်သူတွေ ပတ်စ်ပို့ လုပ်မရလို့တရားမဝင်လမ်းကြောင်းကို ရွေးချယ်​မှုများလာ

ဇန်နဝါရီ ၂၀ ရက်၊ Migrant Times
  • ပြည်တွင်းမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေ ရပ်နားထားတာကြောင့် ပြည်ပသွားမယ့် မြန်မာလုပ်သားတွေအနေနဲ့ တရားမဝင်လမ်းကြောင်းကို ပိုပြီးရွေးလာကြပါတယ်။ပတ်စ်ပို့အသစ်လုပ်ဖို့စောင့်နေသူတွေ၊ သက်တမ်းတိုးရမယ့်သူတွေဟာ တရားဝင်လမ်းကြောင်းကနေ ထွက်ခွာဖို့အခွင့်အလမ်းနည်းလာတာကြောင့် တရားမဝင်သွားရောက်ဖို့နည်းလမ်းသာရှိလာကြတယ်လို့ ​မြန်မာလုပ်သားတွေကဆိုပါတယ်။” ဖြစ်နိုင်ရင်တော့ တရားဝင်ပဲ သွားချင်တာပေါ့။ အခုလိုအနေအထားနဲ့က ကျွန်တော်တို့အတွက် အခွင့်အလမ်းကနည်းသွားပြီ။ အလုပ်ကလည်း လုပ်မှကိုရတော့မယ့်အခြေအနေမှာ မရေရာတာကြီး ထိုင်စောင့်နေလို့မဖြစ်ဘူး ” လို့ မလေးရှားနိုင်ငံကို သွားဖို့ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။
  • ပတ်စ်ပို့ထုတ်ပေးတာ ရပ်နားထားတာကြောင့်တရားမဝင်လုပ်သားစျေးကွက်ကို ပိုပြီးကြီးထွားလာစေနိုင်တယ်လို့လည်း အလုပ်အကိုင်အေဂျင်စီတချို့က သုံးသပ်ပါတယ်။” ယာယီရပ်တာဆိုတာမျိုး၊ အကန့်သတ်မရှိရပ်ထားရင်တော့ တရားဝင်လုပ်သားစေလွှတ်မှုတွေက တဖြေးဖြေးရပ်သွားနိုင်တယ် ” လို့ အမည်မဖော်လိုသူ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ပြည်ပကိုသွားမယ့်အလုပ်သမားတွေကို အခွင့်အရေးပေးဖို့အတွက် သက်ဆိုင်ရာကို တင်ပြဖို့ရှိတယ်လို့လည်း အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။
  • ပြည်ပကို တရားမဝင်သွားရောက်နေတာကို ခေတ်အဆက်ဆက်မတားဆီးနိုင်ခဲ့သလို အခုလိုအခြေအနေမှာ ပိုဆိုးရွားတဲ့အခြေအနေဖြစ်လာနိုင်တာမို့ စိုးရိမ်စရာကောင်းတယ်လို့ သူတို့က ဆိုပါတယ်။အဲဒီလို တရားမဝင်သွားရောက်မှုတွေကြောင့် ထိုင်းနဲ့မလေးရှားနယ်စပ်တွေမှာ မြန်မာနိုင်ငံသားတွေ မကြာခဏဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။
(ယခုလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိစဥ်)                                                                         
Exit mobile version