Site icon Migrant Times

ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသူမိသားစုတွေကို ထိုင်းအလုပ်သမားဝန်ကြီးက နစ်နာကြေးပေးအပ်

ဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသူမိသားစုတွေကို ထိုင်းအလုပ်သမားဝန်ကြီးက နစ်နာကြေးပေးအပ်

ဇန်နဝါရီ ၂၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ စမုဆွန်ခရမ်ခရိုင်မှာ ဆီတင်သင်္ဘောပေါက်ကွဲမှုမှာ မြန်မာလုပ်သား ၇ ဦး သေဆုံးခဲ့တဲ့အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သေဆုံးသူမိသားစုဝင်တွေကို နစ်နာကြေးပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်က စမုဆွန်ခရမ်ခရိုင်၊ မဲခေါင်မြစ်ခွဲမှာ ပြုပြင်ထိန်းသိမ်းဖို့ရပ်နားထားတဲ့ Soosh Sea C22 ဆီတင်သင်္ဘောတစ်စင်းပေါက်ကွဲခဲ့ပြီး မြန်မာလုပ်သား ၇ ဦး သေဆုံးခဲ့တာပါ။ထိုင်းအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုစေလွှတ်ပြီး လူမှုဖူလုံရေးအာမခံကြေးနဲ့ နစ်နာမှုကြောင့် ထောက်ပံ့ကြေးကို သေဆုံးသူ​ေတွရဲ့ မိသားစုဆီ ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။
  • သေဆုံးသူတစ်ယောက်ချင်းအတွက် အလုပ်သမားဝန်ကြီးဌာနက နာရေးပြုလုပ်ခ ဘတ် ၅၀,၀၀၀၊ အလုပ်ခွင်အတွင်း သေဆုံးမှုကြောင့် လျော်ကြေး ဘတ် ၇၇၀,၉၅၂ ပေးအပ်ခဲ့ပြီး သက်ကြီးပင်စင်ကြေးကိုတော့ သူတို့တွေရဲ့သက်တမ်းအလိုက် ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။လူမှုဖူလုံရေးဌာနအနေနဲ့ ဆေးကုသမှုကျသင့်ငွေကို ဝန်ကြီးဌာန ဉပဒေသတ်မှတ်ချက်အတိုင်း ပြန်ပေးမယ်လို့သိရပြီး ဆရာဝန်က ဆေးရုံအတွင်း ကုသမှုခံယူခြင်းရပ်နားဖို့ ညွှန်ကြားခဲ့ရင် တစ်နှစ်မကျော်တဲ့ အရင်ရရှိတဲ့လုပ်ခလစာထဲက ၇၀ ရာခိုင်နှုန်း လုပ်အားခကို ရရှိမှာဖြစ်ပါတယ်။ ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရင် ထောက်ပံ့ကြေးပေးခြင်းဆိုင်ရာ ဉပဒေအရ ၁၀ နှစ်ကာလအတွင်း နစ်နာမှုထောက်ပံ့ကြေး ရရှိမယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MGR Online                                                                                                                                                                                                     
Exit mobile version