မလေးရှားရောက်မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိဆုကြီး ဆွတ်ခူး
ဇန်နဝါရီ ၂၁ ရက်၊ Migrant Times
- မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးဟာ ၄လုံးတိုက်ထီကံထူးပြီး ကျပ်သိန်း ( ၁၁၀၀ )ကျော် ပိုင်ဆိုင်ခွင့်ရရှိခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ထံက သိရပါတယ်။မော်လမြိုင်ကနေလာရောက်အလုပ်လုပ်ကိုင်တဲ့မြန်မာနိုင်ငံသားဟာ ဒီတပတ် ( 1+3 )မလေးရှားထီ ( Big-5 Small- 45 )ပထမဆုပေါက်ပြီး ရင်းဂစ် ( တစ်သိန်း ခုနှစ်သောင်း ) မြန်မာငွေ ကျပ်သိန်း ( ၁၁၀၀ )ကျော်ရရှိသွားတာဖြစ်ပါတယ်။ကံထူးသူဟာ လမ်းမှာတွေ့တဲ့ကားနံပါတ်ကိုထိုးလိုက်ရာမှပေါက်တာလို့ဆိုပါတယ်။ဆုငွေကိုနှလုံးလှအဖွဲ့ကကူညီထုတ်ပေးခဲ့ပြီးကံထူးသူက ပရဟိတကိစ္စတွေမှာအသုံးပြုဖို့ ရင်းဂစ် ( ၅၀၀၀ ) လှူဒါန်းခဲ့တယ်လို့ ယင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအနေနဲ့အလားတူထီဆုကြီးတွေမကြာခဏဆွတ်ခူးလေ့ရှိတယ်လို့လည်းသတင်းတွေအရသိရပါတယ်။