Site icon Migrant Times

မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိထီဆုပေါက်

မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိထီဆုပေါက်

ဇန်နဝါရီ ၂၈ ရက်၊ Migrant Times
  • မ​လေးရှား​ရောက်​မြန်မာလုပ်သားတစ်ဦး ၆ လုံးထီ ကျပ် သိန်း ၂၀၀၀ နီးပါး ပေါက်ခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ဆီက သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ ပထမပတ်ကတည်းက ထီပေါက်တာ ဖြစ်ပြီး အခုမှဆု​ငွေထုတ်ဖို့အကူအညီတောင်းခံလာလို့ ကူညီပေးခဲ့ရတာလို့ဆိုပါတယ်။ဆု​ငွေထုတ်ယူ​ပြီးတဲ့​နောက်မှာ ကံထူးရှင်က နှလုံးလှပရဟိတအသင်းရဲ့ပရဟိတလုပ်ငန်းအတွက် ရင်းဂစ် ( ၅၀၀၀ )လှူဒါန်းပေးခဲ့တယ်လို့လည်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
  • မလေးရှားရောက်မြန်မာလုပ်သားတွေဟာ မကြာခဏထီဆုကြီးဆွတ်ခူးရရှိလေ့ရှိနေတာဖြစ်ပါတယ်။​ပြီးခဲ့တဲ့အပတ်ကလည်းမလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးဟာ ၄ လုံးတိုက်ထီကံထူးပြီး ကျပ်သိန်း ( ၁၁၀၀ )ကျော် ပိုင်ဆိုင်ခွင့်ရရှိခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်သွေးလှူရှင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။​မော်လ​မြိုင်က​နေလာ​ရောက်အလုပ်လုပ်ကိုင်တဲ့​မြန်မာနိုင်ငံသားဟာဒီတစ်ပတ် ( 1+3 )မလေးရှားထီ ( Big-5 Small- 45 )ပထမဆုပေါက်ပြီး ရင်းဂစ် ( တစ်သိန်း ခုနှစ်သောင်း ) မြန်မာငွေ ကျပ်သိန်း ( ၁၁၀၀ )ကျော်ရရှိသွားတာဖြစ်ပါတယ်။                                                                                           
Exit mobile version