Site icon Migrant Times

ထိုင်းအချုပ်ခန်းမှာ ဆန္ဒပြမှုဖြစ်

ထိုင်းအချုပ်ခန်းမှာ ဆန္ဒပြမှုဖြစ်

ဇန်နဝါရီ ၂၉ ရက် ၊ Migrant Times
  • ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးမြောက်ပြီး အချိန်ကြာမြင့်တဲ့အထိလွတ်မြောက်ခွင့် မရသေးလို့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၅၅ ဦးဟာ ဇန်နဝါရီလ ၂၈ ရက်က အချုပ်ခန်းတွင်း ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။သူတို့ဟာ ထိုင်းတောင်ပိုင်း ရနောင်း လဝကအချုပ်မှာ မြန်မာပြည်ကို ပြန်ပို့ခံရဖို့ စောင့်ဆိုင်နေကြတာလို့သိရပါတယ်။မြန်မာပြည်ကို အမြန်ဆုံးပို့ဆောင်ပေးဖို့ သူတို့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ထိုင်းအစိုးရနဲ့ မြန်မာအလုပ်သမားသံအရာရှိတို့က ဒီကိစ္စနဲ့ပတ်သက်လို့ညှိနှိုင်းဖြေရှင်း​နေကြတယ်လို့ သိရပါတယ်။ရနောင်း လဝက အချုပ်တွင်း ဆန္ဒပြမှု ဖြစ်ပွားတာဟာ ကိုဗစ်ကာလကစပြီး အခုအကြိမ်နဲ့ဆို ၂ ကြိမ်ရှိပြီလို့ သိရပါတယ်။                                                                                                                                                                         
Exit mobile version