Site icon Migrant Times

ပြည်ပမှာ ကျင်းပတဲ့ ဂျပန်အလုပ်အကိုင်ကျွမ်းကျင် စာမေးပွဲတွေ ဖြေခွင့်မပြုတော့

ပြည်ပမှာ ကျင်းပတဲ့ ဂျပန်အလုပ်အကိုင်ကျွမ်းကျင် စာမေးပွဲတွေ ဖြေခွင့်မပြုတော့

ဖေဖော်ဝါရီ ၂ ရက်၊ Migrant Times
  • အလုပ်အကိုင်ပတ်စ်ပို့(PJ)ကိုင်ဆောင်ထားသူတွေကို​ ပြည်ပမှာ ကျင်းပတဲ့ ဂျပန်ကျွမ်းကျင်အလုပ်အကိုင်စာမေးပွဲတွေ သွားဖြေခွင့်မပေးတော့ဘူးလို့ အလုပ်အကိုင်အေဂျင်စီတွေဆီက သိရပါတယ်။အလုပ်သမားတချို့ဟာ အေဂျင်စီတွေရဲ့အာမခံမှုနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်း၊ ဖိလစ်ပိုင်အပါအဝင် ပြည်ပနိုင်ငံတွေမှာ ကျင်းပတဲ့ ဂျပန်အလုပ်အကိုင်ကျွမ်းကျင်စာမေးပွဲတွေ သွားဖြေခွင့်ရခဲ့ပါတယ်။ အခုတော့ အလုပ်သမားဝန်​ကြီးဌာနက အဲဒီလို သွားရောက်ဖြေဆိုခွင့်မပြုတော့တာလို့ သိရပါတယ်။
  • ” PJ သမားတွေကို ရပ်လိုက်တာ၊ PV(အလည်ပတ်စ်ပို့)ကိုင်ထားသူတွေတော့ မပြောတတ်ဘူး ” လို့ အလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။အဲဒီစာမေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ ကြန့်ကြာတာကြောင့် အလုပ်သမားတချို့ဟာ ငွေကြေးအကုန်ခံပြီး ပြည်ပမှာ သွားရောက်ဖြေဆိုနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဂျပန်အလုပ်အကိုင်ကျွမ်းကျင်စာမေးပွဲတချို့ကို မြန်မာနိုင်ငံမှာ ပြန်ကျင်းပပေးခဲ့ပေမယ့် ကျင်းပတဲ့ အကြိမ်ရေနည်းပြီး ဖြေဆိုလိုသူများတယ်လို့ ဂျပန်စာလေ့လာနေသူတွေက ဆိုပါတယ်။
  • ဂျပန်နိုင်ငံဟာ အဲဒီစာမေးပွဲအောင်မြင်သူတွေကိုကျွမ်းကျင်လုပ်သားအဖြစ်နဲ့ ခေါ်ယူတာကြောင့် ဖြေဆိုလိုသူ များပြားတာဖြစ်ပါတယ်။သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ စားသောက်ကုန်ဝန်ဆောင်မူ၊ ဆောက်လုပ်ရေးစတဲ့ အလုပ်အကိုင်တွေအတွက် ကျွမ်းကျင်စာမေးပွဲကျင်းပတာ ဖြစ်ပါတယ်။လက်ရှိဂျပန်နိုင်ငံမှာ မြန်မာလုပ်သား ၄၅၀,၀၀ လောက်ရောက်ရှိလုပ်ကိုင်နေတယ်လို့ သိရပါတယ်။                                                                                                                     
Exit mobile version