Site icon Migrant Times

တောင်ကိုရီးယားက နိုင်ငံခြားသားလုပ်သား ၃၀၀,၀၀ နီးပါး ခေါ်ဖို့ အလုပ်ရှင်တွေဆီက ဒုတိယအကြိမ် လျှောက်လွှာလက်ခံမယ်

တောင်ကိုရီးယားက နိုင်ငံခြားသားလုပ်သား ၃၀၀,၀၀ နီးပါး ခေါ်ဖို့ အလုပ်ရှင်တွေဆီက ဒုတိယအကြိမ် လျှောက်လွှာလက်ခံမယ်

ဖေဖော်ဝါရီ ၃ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံက ဒီနှစ်အတွက် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို အလုပ်ခန့်ဖို့ လုပ်သားစာရင်းလျှောက်လွှာကို အလုပ်ရှင်တွေဆီက​နေဒုတိယအကြိမ် လက်ခံဖို့ စီစဥ်နေတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက မြန်မာအပါအဝင် ၁၆ နိုင်ငံက နိုင်ငံခြားသား လုပ်သား ၂၈၁,၂၈ ဦးကို ခေါ်ယူဖို့ စီစဥ်​နေတာ ဖြစ်ပါတယ်။အလုပ်သမား​ခေါ်ယူလိုတဲ့ ကိုရီးယား အလုပ်ရှင်​တွေအ​နေနဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၈ ရက်အထိ လျှောက်လွှာတင်ဖို့ အဲဒီနိုင်ငံအလုပ်သမားဝန်ကြီးဌာနကကြေညာထားပါတယ်။
  • တောင်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်လုပ်သားခေါ်ယူဖို့ အလုပ်ရှင်တွေဆီက လျှောက်လွှာလက်ခံခဲ့ပြီး အခုဒုတိယအကြိမ် လက်ခံတာဖြစ်ပါတယ်။ခေါ်ယူမယ့်လုပ်သားဦး​ရေက ကုန်ထုတ်လုပ်ငန်းအတွက် ၂၀၆,၅၉ ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းအတွက် ၃၈,၂၅ ဦး၊ ရေလုပ်ငန်းအတွက်၂၁,၃၉ ဦး၊ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၁၀,၄၉ ဦး၊ဝန်ဆောင်မှုလုပ်ငန်းအတွက် ၄၀၂ ဦး ဖြစ်ပါတယ်။
  • မြန်မာနိုင်ငံက EPS စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံကို စိုက်ပျိုးရေး/ မွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ကုန်ထုတ်လုပ်ငန်းတွေအတွက် အလုပ်သမားစေလွှတ်နေတာဖြစ်ပါတယ်။ဒီနှစ်မှာ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၁၂၀၀,၀၀ နီးပါးခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့လည်း တောင်ကိုရီးယားက သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀၀,၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
(ဇန်နဝါရီလအတွင်း တောင်ကိုရီးယားကို ထွက်ခွာသွားသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ဆိုးလ်းမြို့၊ မြန်မာသံရုံး)                                                           
Exit mobile version