Site icon Migrant Times

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရ

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရ

ဖေဖော်ဝါရီ ၉ ရက်၊ Migrant Times
  • မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေ ဒီနေ့ အလုပ်ပြန်ဝင်ခွင့်ရကြောင်း ကာယကံရှင်အလုပ်သမားတွေဆီက သိရပါတယ်။အဲဒီစက်ရုံကအလုပ်သမား ၂၆ ဦးဟာ စက်ရုံအတွင်းဆန္ဒပြမှုမှာပါဝင်တာကြောင့် အောက်တိုဘာလကုန်ပိုင်းမှာ အလုပ်ကထုတ်ခံလိုက်ရတာဖြစ်ပါတယ်။အဲဒီအလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ တောင်းဆို၊ညှိနှိုင်းမှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီး ဒီနေ့မှာ အားလုံးပြီးပြတ်သွားတာလို့ဆိုပါတယ်။” အလုပ်ပြန်ဝင်ဖို့ကျန်တဲ့သူအကုန်ပြန်ဝင်ခွင့်ရတာပါ”လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
  • အလုပ်ထုတ်ခံထားရတဲ့အလုပ်သမား ၂၆ဦးမှာ ၁၃ဦးက ရသင့်တဲ့နစ်နာကြေးတွေယူပြီးအလုပ်ကနေထွက်သွားတယ်လို့သိရပါတယ်။ကျန်၁၃ဦးမှာ ၃ဦးက ဒီဇင်ဘာလကတည်းက လုပ်ငန်းခွင်ပြန်ဝင်နေပြီး ၁၀ဦးကတော့ညှိနိူင်းမှုတွေဆက်လုပ်ကာ ဒီနေ့မှ အလုပ်ပြန်ဝင်ကြတာဖြစ်ပါတယ်။မြန်မာပေါင်ချိန် ဖိနပ်စက်ရုံဟာ Adidas ဖိနပ်ကိုချုပ်နေတာဖြစ်ပြီး အလုပ်သမား ၇၀၀၀ လောက်နဲ့လည်ပတ်နေတာလို့ အလုပ်သမားတွေထံက သိရပါတယ်။                                       
Exit mobile version