ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရေပြင်ရှာဖွေမှုတွေ ရပ်ဆိုင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရေပြင်ရှာဖွေမှုတွေ ရပ်ဆိုင်း
- တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် က ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၈ ဦး ပျောက်ဆုံးသွားတဲ့အနက် ၂ ဦးကို သေဆုံးလျက်၊ တစ်ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပေမယ့် ၅ ဦးဟာ ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးအတွက် ရှာဖွေရေးလုပ်ငန်းေတွကို ဂျပန်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းတွေက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပေမယ့် ရေပြင်ရှာဖွေရေးလုပ်ငန်းတွေ ရပ်ဆိုင်းပြီး ဝေဟင်ကပဲ ရှာဖွေမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။