လှေတစ်စီးပေါ် လိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၁ ဦးကို ထိုင်းရေတပ် ဖမ်းဆီး

လှေတစ်စီးပေါ် လိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၁ ဦးကို ထိုင်းရေတပ် ဖမ်းဆီး

ဖေဖော်ဝါရီ ၁၃ရက်၊ Migrant Times
  • ကော့သောင်းဘက်ကနေ လှေတစ်စီးနဲ့ ရနောင်းဘက်ခြမ်းကို ဝင်ရောက်ဖို့ကြိုးစားတဲ့ တရားမဝင်မြန်မာလုပ်သား ၂၁ ဦးနဲ့ ဦးဆောင်ခေါ်လာသူတစ်ဦးတို့ကို ထိုင်းရေပိုင်နက်လုံခြုံရေးစစ်သားတွေက ဖမ်းဆီးလိုက်ပါတယ်။မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ကနေပြီး ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ဘက်ကို လှေတစ်စင်းနဲ့ တရားမဝင် မြန်မာလုပ်သားတွေကို သယ်ယူပို့ဆောင်ဖို့ရှိတယ်လို့ ရေလယ်ကျွန်းထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်မှ သတင်းကြိုတင်ရရှိတာကြောင့် မနေ့က ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ လုံခြုံရေးစစ်သားတွေနဲ့ အင်အားပူးပေါင်းပြီး သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။
  • အဲဒီတရားမဝင် မြန်မာလုပ်သား ၂၁ ဦးစလုံးဟာ ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၊ လန်စွမ်မြို့နယ်ထဲက တစ်နေရာမှာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ အဲဒီအလုပ်နေရာကိုရောက်ဖို့အတွက် ပွဲစားခ တစ်ဦးကို ဘတ် ၁၈,၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဖမ်းဆီးခံထားရသူအားလုံးကို တရားဥပဒေအရ အပြစ်ပေးဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ အချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမှတ် ၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။                                                                       

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *