မလေးရှားနိုင်ငံမှ ခွင့်ပြန်ဆိုပြီး အလုပ်လုပ်ခွင့်ပါမစ်စာရွက်စာတမ်းအတု တင်ပြတဲ့ အလုပ်သမားတွေစစ်ဆေးခံရမယ်
ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times
- မလေးရှားနိုင်ငံမှခွင့်ပြန်ဆိုပြီး အလုပ်လုပ်ခွင့်ပါမစ်အတွက်စာရွက်စာတမ်းအတု တင်ပြခဲ့တဲ့အလုပ်သမားတွေအနေနဲ့ စစ်ဆေးမှုခံယူရမယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။အလုပ်သမား ၂၂ ဦးဟာ အလုပ်လုပ်ခွင့်ပါမစ်အတွက် စာရွက်စာတမ်းအတုတွေ တင်ပြခဲ့တာဖြစ်ပြီး အဲဒီအလုပ်သမားတွေအနေနဲ့ အချိန်နှစ်ပတ်အတွင်း စစ်ဆေးမှုခံရမယ်လို့ ဆိုပါတယ်။အဲဒီအလုပ်သမားတွေဟာ နေပြည်တော်ရှိ အလုပ်သမားညွန်ကြားရေးဦးစီးဌာန(ရုံးချုပ်)မှာ စစ်ဆေးခံရမှာဖြစ်ပြီး စာရွက်စာတမ်းအတုပြုလုပ်တယ်ဆိုတဲ့အလုပ်သမားတွေရဲ့အမည်စာရင်းကိုပါ ထုတ်ပြန်ထားပါတယ်။
- စစ်ဆေးမှုခံယူတဲ့အလုပ်သမားတွေကို အရေးယူဖို့မရှိဘဲ စစ်ဆေးခံဖို့ ပျက်ကွက်သူတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ညှိနှိုင်းပြီး ပြည်ပထွက်ခွင့်ပိတ်တဲ့အထိ Black List စာရင်းသွင်း အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။” စာရင်းထဲမှာတော့မလေးရှားသွားမယ့် အလုပ်သမားတွေမှာ မသမာမှုရှိတယ်ဆိုတာပေါ့။ ဘယ်လိုအချက်တွေလိမ်လည်ထားလဲဆိုတာတော့ မသိရဘူး ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။မလေးရှားနိုင်ငံကို အေဂျင်စီ ၂၀၀ လောက်ကအလုပ်သမားစေလွှတ်နေတာဖြစ်ပြီး သွားရောက်လုပ်ကိုင်နေသူများပြားနေပါတယ်။