Site icon Migrant Times

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times
  • သဘာဝလမ်းကြောင်းတွေကို အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပြီး နယ်စပ်လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ ၁၄ ရက်မှာ တာ့ခ်ခရိုင်နဲ့ ရနောင်းခရိုင်တွေမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ၂၇ ဉီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ဒီလိုမျိုးဖမ်းဆီးခံရမှုတွေမှာ အများစုက သတင်းပေးတိုင်ကြားမှုကြောင့်ဖြစ်ပြီး သယ်ယူပို့ဆောင်ပေးသူ ထိုင်းနိုင်ငံသားတွေကိုလည်း လူကုန်ကူးမှုနဲ့ အရေးယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
  • ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်တစ်လျှောက် စစ်ဆေးရေးတွေကို တင်းကြပ်ထားခဲ့ပြီး လက်ရှိအချိန်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ကျူးလွန်တယ်လို့ သံသယရှိတဲ့ ထိုင်းနိုင်ငံသားမိသားစု တစ်ခုလုံး အသတ်ခံရမှုကြောင့် ပိုမိုတင်းကြပ်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်းမှာလည်း နိုင်ငံရေးအခြေအနေတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပထွက်ဖို့ကြိုးစားနေကြသူတွေ များပြားလာနေပေမယ့် တရားဝင် သွားလာနိုင်ဖို့အတွက်လိုအပ်တဲ့ ပတ်စ်ပို့ပြုလုပ်ဖို့ ပိတ်ထားတာကြောင့် တရားမဝင် ဝင်ရောက်မှုတွေ ပိုမိုများပြားလာနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သုံးသပ်နေကြပါတယ်။                                                                                                                             
Exit mobile version