Site icon Migrant Times

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာ

တောင်ကိုရီးယားမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် မြန်မာသင်္ဘောသားတစ်ဦး သေဆုံး

ဖေဖော်ဝါရီ ၁၉ ရက်၊ Migrant Times

  • တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာရှိတဲ့ နမ်ဝဲ ပင်လယ်ကမ်းခြေမှာ ဖေဖော်ဝါရီလ ၁၈ ရက် မနက်က ကမ်းဆိုက်ထားတဲ့ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားသင်္ဘောသားတစ်ဦး ဂဟေဆော်နေစဥ် အောက်ဆီဂျင်အိုးပေါက်ကွဲပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။အဲဒီသင်္ဘောဟာ တောင်ကိုရီးယားပိုင် ရေနံတင် သင်္ဘောဖြစ်ပြီး စုစုပေါင်း အလုပ်သမား ၁၃ ဦး လုပ်ကိုင်နေတာဖြစ်ပါတယ်။ အသက် ၄၀ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်သူဟာ ပေါက်ကွဲမှုကြောင့် သံမှိုစ ထိမှန်မူးလဲပြီး ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာဖြစ်ပြီး ဘာကြောင့်သေဆုံးရတယ် ဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
  • “ ကိုရီးယားနိုင်ငံက သင်္ဘောကျင်းတွေမှာ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဥ်တွေ လျော့နည်းနေတာ တော်တော်ကြာနေပါပြီ။ ဒါတွေကို ဉပဒေနဲ့တင်းတင်းကြပ်ကြပ် လုပ်ဖို့လိုနေပြီ ” လို့ တောင်ကိုရီးယားနိုင်ငံမှာပဲ သင်္ဘောသားအလုပ်လုပ်ကိုင်နေတဲ့ ကိုကျော်စွာက ပြောပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံသားတွေကို တောင်ကိုရီးယားနိုင်ငံက သင်္ဘောကျင်း​တွေမှာ အလုပ်လုပ်ကိုင်ဖို့ အလုပ်ခေါ်ယူနေတာတွေရှိပြီး ယခုနှစ်အတွင်းမှာ အလုပ်အကိုင်အမျိုးမျိုးအတွက် ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်ခေါ်ယူမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Exit mobile version