ပတ်စ်ပို့ လုပ်မရလို့ အလုပ်အကိုင်အေဂျင်စီတချို့အလုပ်သမား ဆက်ပို့ဖို့ ခက်ခဲ

ပတ်စ်ပို့ လုပ်မရလို့ အလုပ်အကိုင်အေဂျင်စီတချို့အလုပ်သမား ဆက်ပို့ဖို့ ခက်ခဲ

ဖေဖော်ဝါရီ ၂၂ ရက်၊ Migrant Times
  • ပတ်စ်ပို့ ထုတ်ပေးမှုရပ်ထားတာကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ဟာ အလုပ်သမားစေလွှတ်ဖို့ ခက်ခဲနေတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေဆီကသိရပါတယ်။ပြည်ပကို အလုပ်သမားစေလွှတ်ဖို့အတွက် ပတ်စ်ပို့သက်တမ်းကျန်နေသူများထဲကသာ ရွေးချယ်စေလွှတ်နေရပြီး ကျန်အလုပ်သမားတွေက ပတ်စ်ပို့မရသေးတာကြောင့် လူရွေးရကြပ်လာတယ်လို့ သူတို့က ဆိုပါတယ်။” တချို့အလုပ်သမားတွေဆို ပတ်စ်ပို့ကလွဲလို့ တခြားအချက်အလက်တွေ စုံနေပြီ။ သွားဖို့အင်တာဗျူးတွေလည်း အောင်ထားပြီးပြီ။ဒါပေမဲ့ ပတ်စ်ပို့မရှိတော့ရှေ့ဆက်မရဘူး။ သက်တမ်းကျန်နေသူတွေနဲ့ အစားပြန်ထိုးနေရတယ် ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • အဲဒီလိုအခြေအနေကြောင့် အလုပ်သမားတချို့ဟာ ပြည်ပကို သွားရောက်လုပ်ကိုင်ခွင့်ဆုံးရှုံးရတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။” စာအုပ်က ထုတ်ဖို့ပဲ ကျန်တာ။ အဲဒါပိတ်လိုက်တော့ ဘာမှ ဆက်လုပ်လို့မရဘူး။ နောက်တစ်ခေါက်ထွက်ရဖို့ဆိုတာဘယ်လောက်ကြာဦးမယ်လည်း မသိရဘူး ” လို့ မလေးရှားကို သွားဖို့စောင့်နေသူတစ်ဦးက ပြောပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပတ်စ်ပို့ထုတ်ပေးတဲ့လုပ်ငန်းတွေကို ဇန်နဝါရီလလယ်ကစပြီးရပ်ထားတာဖြစ်ပါတယ်။
  • အဲဒီလိုရပ်ထားတာ တစ်လကျော်လာပြီး ပြန်ထုတ်ပေးဖို့ကိုလည်း တစ်စုံတရာအသိပေးထားတာ မရှိသေးပါဘူး။ကိုရီးယားနိုင်ငံကိုသွားရောက်ဖို့ ပြင်ဆင်နေတဲ့အလုပ်သမားတွေကတော့ ပတ်စ်ပို့ရရှိအောင် ညှိနိူင်းဆောင်ရွက်ပေးဖို့ တာဝန်ယူစေလွှတ်နေတဲ့အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကို တောင်းဆိုနေကြပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *