တောင်ကိုရီးယားရောက် မြန်မာတွေ လိုအပ်တဲ့ အထောက်အထားတွေ လုပ်ထားဖို့လို

တောင်ကိုရီးယားရောက် မြန်မာတွေ လိုအပ်တဲ့ အထောက်အထားတွေ လုပ်ထားဖို့လို
- တောင်ကိုရီးယားမှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရဖို့ ဗီဇာမဲ့ ဒုက္ခသည် လျှောက်ထားတဲ့ မြန်မာရွှေ့ပြောင်းတွေအနေနဲ့ လဝက က ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေကို ပုံမှန်သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ တောင်ကိုရီးယားရောက် မြန်မာလူမှုရေး အသင်းအဖွဲ့တွေက သတိပေးနေကြပါတယ်။ယခု မတ်လနဲ့ ဧပြီလ နှစ်လအတွင်း ဗီဇာမဲ့နေထိုင်တဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ရှာဖွေဖမ်းဆီးဖို့ ရှိနေပြီး အခန့်မသင့်ရင် မြန်မာနိုင်ငံကို ပြန်ရတာမျိုးတွေဖြစ်လာနိုင်တာကြောင့် အခုလို သတိပေးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။
- တောင်ကိုရီးယားရောက် မြန်မာရွေ့ပြောင်းတွေကို ကူညီပေးနေသူ ကိုဇော်မိုးအောင်က “ တရားဉပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံမှာ တတ်နိုင်သမျှ ဉပဒေကိုလိုက်နာဖို့လိုပါတယ်။ ဒါမှသာ လုံခြုံနိုင်မှာပါ ” လို့ ဆိုပါတယ်။လက်ရှိ နှစ်လတာ စီမံချက်မှာ ကိုရီးယားနိုင်ငံသားများရဲ့ အလုပ်အကိုင်များကို ထိပါးစေတဲ့ လုပ်ငန်းများ၊ ဗီဇာမဲ့ နိုင်ငံခြားသား လုပ်သားများကို အလုပ်ပေးထားတဲ့ လုပ်ငန်းများ၊ ကိုရီးယားနိုင်ငံကို တရားမဝင် လူသွင်းမှုများ၊ တရားမဝင် အလုပ်အကိုင် ရှာဖွေပေးသူများကို အဓိကထား ဖမ်းဆီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။