ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲ၊ သေဆုံးသွားသည့် ၂ ဦးကို ဂျပန်နိုင်ငံမှာ မီးသဂြိုလ်

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲ၊ သေဆုံးသွားသည့် ၂ ဦးကို ဂျပန်နိုင်ငံမှာ မီးသဂြိုလ်

မတ် ၆ ရက်၊ Migrant Times
  • တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် က ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၈ ဦး ပျောက်ဆုံးသွားတဲ့အနက် ၂ ဦးကို သေဆုံးလျက်၊ တစ်ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပေမယ့် ၅ ဦးဟာ ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးအတွက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ရေပြင်/ဝေဟင် ရှာဖွေမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက ဒီ​နေ့သတင်းထုတ်ပြန်ပါတယ်။သေဆုံးသွားတဲ့ ၂ ဦးအနက် တစ်ဦးရဲ့ အလောင်းကိုနိုင်ငံတကာရေပိုင်နက်ထဲမှာ ရှာတွေ့ခဲ့တာကြောင့် ဂျပန်နိုင်ငံမှာ မီးသဂြိုလ်ဖို့ ဂျပန်နိုင်ငံဥပဒေအရ မူလက ခွင့်မပြုပေမယ့် လူသားချင်းစာနာထောက်ထားမှုအရ မတ်လ ၂ ရက်က ဂျပန်နိုင်ငံမှာ မီးသဂြိုလ်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *