ထိုင်းရောက် မြန်မာရေလုပ်သားတစ်ဦး ဝမ်းရောဂါနဲ့ ရုတ်တရက်သေဆုံး

ထိုင်းရောက် မြန်မာရေလုပ်သားတစ်ဦး ဝမ်းရောဂါနဲ့ ရုတ်တရက်သေဆုံး

မတ် ၁၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငါခရိုင်၊ ကူရဘူရီရေနယ်နမိတ်မီးထွန်းလှေပေါ်မှာ အလုပ်လုပ်နေတဲ့ ​မြန်မာလုပ်သားကိုသန်းထွေးဟာ ဒီနေ့ မနက်ပိုင်းက ဝမ်းရောဂါနဲ့ ရုတ်တရက်သေဆုံးသွားတယ်လို့ သိရပါတယ်။ကယ်ဆယ်ရေးအဖွဲ့က စစ်ဆေးရာမှာ ကိုထွန်းရွှေဟာ ဝမ်းသွားလျက် သေဆုံးနေကြောင်း တွေ့ခဲ့ရပြီးအသေးစိတ်သိရှိဖို့ အလောင်းကို ကူရဘူရီဆေးရုံဆီ ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ရုန်းရင်းဆန်ခတ် ဖြစ်ပွားထားတဲ့ပုံစံ မတွေ့ရသလို အလောင်းမှာ ဒဏ်ရာဒဏ်ချက် မရှိ​ပေမယ့် လတ်တလော သေဆုံးပုံမရဘဲ အလောင်းက အနည်းငယ်တောင့်တင်းနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။
  • ကွယ်လွန်သူရဲ့ အလောင်းကို ကူရဘူရီဆေးရုံရေခဲတိုက်မှာ လောလောဆယ်ထားရှိပြီး ဆွေမျိုးတွေကို ဆက်သွယ်စုံစမ်းနေပါတယ်။၂၀၂၃ ခုနှစ်အတွင်း ဖန်ငါပြည်နယ် ကူရဘူရီမြို့နယ်မှာ ရေလုပ်သားတွေ ငါးဖမ်းလှေပေါ်မှာ သေဆုံးတာ ၃ ကြိမ် ရှိပြီဖြစ်ပါတယ်။အကြောင်းရင်းသိရဘဲ သေဆုံးမှုတစ်ကြိမ်၊ ဒဏ်ရာရမှုတစ်ကြိမ်တို့ ဖေ‌ဖော်​ဝါရီလအတွင်းဖြစ်ခဲ့ပြီး အခုမတ်လမှာ ရေလုပ်သား ကိုသန်းထွေး မတော်တဆသေဆုံးခဲ့တာပါ။
  • ရေလုပ်သားလုပ်ငန်းခွင်ဟာ အန္တရာယ်များတဲ့လုပ်ငန်းခွင်ဖြစ်ပေမယ့် ထိုင်းအစိုးရက ပြဌာန်းထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေအဖွဲ့ဝင်အဖြစ် အသင်းဝင်ခွင့်မရတဲ့ လုပ်ငန်းခွင်ဖြစ်တာကြောင့် အခုလို မတော်တဆဖြစ်မှုတွေမှာ ရေလုပ်သားအလုပ်သမားနဲ့ မိသားစု​ေတွအနေနဲ့ နစ်နာကြေး မရရှိပါဘူး။ရေလုပ်သားတွေအတွက် အစားထိုးနစ်နာကြေးရန်ပုံငွေလုပ်ခွင့်ရှိပေမယ့် အဲဒီအစီအစဥ်မှာ အလုပ်ရှင်က အဓိက စာရင်းသွင်း ရန်ပုံငွေထည့်ဝင်ရမှာပါ။လှေရှင်(အလုပ်ရှင်) အများစုက  စိတ်ဝင်စားခြင်းမရှိသလို တာဝန်ရှိသူတွေကလည်း ဖိအားမပေးတာကြောင့်ရေလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာတဲ့အခါမှာ အခက်အခဲကြုံနေကြရတာဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *