Site icon Migrant Times

တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၁၇ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၁၇ ဦး စေလွှတ်

မတ် ၁၂ ရက်၊ Migrant Times
တောင်ကိုရီးယားနိုင်ငံကို မြန်မာဂ​ဟေလုပ်သား ၁၇ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို ကျွမ်းကျင်ဂဟေလုပ်သားအဖြစ် E-7-3 ဗီဇာနဲ့ စေလွှတ်ဖို့ ဆောင်ရွက်ရာမှာ Samsung Heavy Industries မှာ လုပ်ကိုင်မယ့် မြန်မာဂဟေလုပ်သား ၁၇ ဦးဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
(မတ်လ ၁၂ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာဂ​ေဟလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)
Exit mobile version