ထိုင်းကနေ မလေးရှားသွားမယ့် မြန်မာ ၂၁ ဦးကိုမူးယစ်ဆေးဝါး​တွေနဲ့ ဖမ်းမိ

ထိုင်းကနေ မလေးရှားသွားမယ့် မြန်မာ ၂၁ ဦးကိုမူးယစ်ဆေးဝါး​တွေနဲ့ ဖမ်းမိ

မတ် ၁၃ ရက်၊ Migrant Times
  • မလေးရှားကို သွားမယ့် မြန်မာ၂၁ ဦးကို မူးယစ်ဆေးတွေနဲ့ မတ်လ ၁၀ ရက်က ထိုင်းနိုင်ငံ၊ ပါကျွတ်ခိရိယမ်ခရိုင်မှာ ဖမ်းဆီးမိခဲ့ပါတယ်။အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၇ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ကို ခေါ်လာတဲ့ အလုပ်သမားပွဲစား ၃ ဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ပွဲစားတွေက အလုပ်သမားတွေကို ပို့ဆောင်ခ ဘတ် လေးသောင်းရတယ်လို့ ဆိုပါတယ်။
  • ဖမ်းဆီးခံရသူ​တွေထဲက တစ်ဦးက မေလးရှားသြားဖို့ လမ်းစရိတ်အတွက် မူးယစ်ဆေးဝါးရောင်းချဖို့ သယ်ဆောင်လာတယ်လို့လည်း သိရပါတယ်။မြန်မာလုပ်သားတစ်ဦးရဲ့ အဝတ်အစားထည့်ကျောပိုးအိတ်ထဲမှာ ယာဘစိတ်ကြွဆေးနဲ့ အိုက်စ်လို့အမည်ရှိတဲ့ ရေခဲမူးယစ်ဆေးဝါးကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။သူတို့ဟာ မွန်ပြည်နယ်၊ မုဒုံမြို့ကနေလာကြတာဖြစ်ပြီး ထိုင်းနိုင်ငံက​တစ်ဆင့် မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ကြမှာလို့ သိရပါတယ်။
  • သူတို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းဖြစ်တဲ့ ခရွန်ဝမ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းက ဝင်လာတာဟာ အန္တရာယ်များလို့ သတိရှိကြဖို့ ထိုင်းရောက်အလုပ်သမားအရေး ကူညီပေးနေတဲ့ AAC အဖွဲ့က အကြံပြုပြောကြားပါတယ်။

 

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *