ငါးလာမျှားသူကို လာကြိုတဲ့ ပွဲစားထင်တဲ့ မြန်မာအလုပ်သမား ၂၇ဦး ဖမ်းဆီးခံရ

ငါးလာမျှားသူကို လာကြိုတဲ့ ပွဲစားထင်တဲ့ မြန်မာအလုပ်သမား ၂၇ဦး ဖမ်းဆီးခံရ
- လာကြိုမယ့်ပွဲစားကို စောင့်ရင်းမလေးရှားကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား ၂၇ဦး ဆီအုန်းခြံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ယမန်နေ့က ဒေသခံအာဏာပိုင်အဖွဲ့တွေက ပရာကျွတ်ခီလီခမ်ခရိုင်၊ မင်မြို့ ခလောင်ဝမ်ကျေးရွာ ၊ အုပ်စု ၇ ဘန့်စွန်ခဝမ် အိမ်ယာ ဆီအုန်းခြံအနီးတစ်ဝိုက်မှာ တရားမဝင်မြန်မာအလုပ်သမား ၂၇ဦး၊ ကျား၂၄ဦး၊ မ ၁ ဦးနဲ့အတူ လမ်းပြကူညီသူ ၂ ဦးအပါအဝင် ဖမ်းဆီးမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။
- ဆီအုန်းခြံနားမှာ ငါးမျှားဖို့လာတဲ့ ထိုင်းဒေသခံ၂ ဦးကို ၄င်းတို့ကို လာကြိုမယ့်ပွဲစားထင်ကာ ပုန်းအောင်းတဲ့နေရာက ထွက်လာကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။သူတို့ဟာ ရခိုင်၊ထားဝယ်၊ မြိတ်၊ မန္တလေးကနေလာကြတာဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်မှာလို့ သိရပါတယ်။ တစ်ဦးကို ဘတ် ၄၅၀၀၀ ကနေ ၅၀၀၀၀ ထိ ပွဲစားခပေးရပြီး ဘတ်၂၀၀၀၀ အရင်ပေးထားရတယ်လို့ ဆိုပါတယ်။