တောင်ကိုရီးယားကို မြန်မာဂဟေလုပ်သား ၃၃ ဦး စေလွှတ်
မတ် ၁၇ ရက်၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံကို မြန်မာဂဟေဆက်လုပ်သား ၃၃ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို ကျွမ်းကျင်ဂဟေလုပ်သားအဖြစ် E-7-3 ဗီဇာနဲ့ စေလွှတ်ဖို့ ဆောင်ရွက်ရာမှာ Samsung Heavy Industries မှာ လုပ်ကိုင်မယ့် မြန်မာဂဟေလုပ်သား ၃၃ ဦးဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကလည်း ကျွမ်းကျင်ဂဟေလုပ်သား ၁၇ ဦးကို တောင်ကိုရီးယားနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။
(မတ်လ ၁၇ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာဂေဟလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy,Seoul)