Site icon Migrant Times

CTUM အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဖို့ ပြောကြားမှုကို ကန့်ကွက်ရှုတ်ချ

CTUM အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဖို့ ပြောကြားမှုကို ကန့်ကွက်ရှုတ်ချ

မတ် ၁၈ ရက်၊ Migrant Times
  • မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)ရဲ့ အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်ဖို့လိုတယ်လို့ နစက ရဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းရှိန် ပြောကြားမှုကို CTUM က ကန့်ကွက်ရှုံချလိုက်ပါတယ်။CTUM ရဲ့ ဗဟိုကော်မတီဝင် တစ်ဉီးအပါအဝင် အဖွဲ့ဝင် ၁၁၈ ဉီးကိုဖမ်းဆီး ထောင်ချထားပြီး တိမ်းရှောင်နေရတဲ့ အလုပ်အမှုဆောင်တွေကို နိုင်ငံအကျိုးကိုဖျက်ဆီးနေသူတွေဖြစ်တယ်လို့ ဒုဝန်ကြီးက ဖေဖော်ဝါရီလ၂၄ ရက်က စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။
  • “ NUG နဲ့ဆက်သွယ်ဆောင်ရွက်နေခြင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်ဟာ အလုပ်သမားတွေကို အကြမ်းဖက်စစ်အုပ်စုအောက်ကို သွတ်သွင်းနေတာဖြစ်တယ်။ CTUM ဟာ အခုမှမဟုတ်ဘူး၊ ၈၈ ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်လာတာဖြစ်တယ်” လို့ ပြည်တွင်းမှာ နေထိုင်ပြီး အလုပ်သမားရေး ဆက်လက်လုပ်ကိုင်နေတဲ့ အဖွဲ့ဝင် တစ်ဉီးက ဆိုပါတယ်။စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လ၊ ၂ ရက်နေ့မှာ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့ချုပ်များ စုစုပေါင်း ၁၆ ဖွဲ့ ကို မတရားအသင်း ကြေညာခဲ့ပါတယ်။
  • CTUM အဖွဲ့ဝင် လုပ်ငန်းကဏ္ဍ အဖွဲ့ချုပ် တခုဖြစ်တဲ့ မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများ အဖွဲ့ချုပ် (MWFM)က ဦးချမ်းမြေ့ကျော်ဟာ ၂၀၂၁ ခုနှစ် မတ်လ၂၇ ရက်မှာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေစဉ် အကြမ်းဖက်ဖြိုခွဲခံရပြီး သေဆုံးခဲ့ရပါတယ်။မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ကိုလည်း မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပါတယ်။

Exit mobile version