ဟတ်ရိုင်မှာတွေ့တဲ့ အလောင်း သုံးလောင်းနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ ဖမ်းမိ

ဟတ်ရိုင်မှာတွေ့တဲ့ အလောင်း သုံးလောင်းနဲ့ ပတ်သက်ပြီး သံသယရှိသူတွေ ဖမ်းမိ

မတ် ၂၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့မှာ မြန်မာနိုင်ငံသားတွေလို့ ယူဆရတဲ့ အလောင်း သုံးလောင်း တွေ့ရှိခဲ့ပြီး ကျူးလွန်သူလို့ ယူဆရသူ ထိုင်းနိုင်ငံသား ၅ ဉီးကို ဒီကနေ့ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က လည်ပင်းကို ဓားနဲလှီးဖြတ်ပြီး အသတ်ခံထားရတဲ့ အလောင်းသုံးလောင်းကို ဒေသခံတစ်ဉီးက အမှိုက်ကောက်ရင်း တွေ့ရှိခဲ့တာပါ။သုံးဉီးအနက် တစ်ဉီးဟာ အသက် ၁၄ နှစ်သာရှိသေးတယ်လို့ ထိုင်းမှုခင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။
  • အလောင်းတွေကို တွေ့ရှိချိန်မှာ သေဆုံးပြီး သုံးရက်ကြာမြင့်နေပြီဖြစ်တာကြောင့် အသေးစိတ်စစ်ဆေးဖို့ မလွယ်ကူပေမယ့် သေဆုံးသူတွေရဲ့လက်မှာ ပတ်ထားတဲ့ လူကုန်ကူးပွဲစားတွေရဲ့ အမှတ်သကေင်္ တကိုအခြေခံပြီး ကျူးလွန်သူတွေကို ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ဆူလတ်ဌာနီခရိုင် ကော့ဖငန်း ကျွန်းနဲ့ စမူပါကန်မြို့နယ်တွေကနေ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ အမျိုးသား ၃ ဉီးနဲ့ အမျိုးသမီး ၂ ဉီးကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ ကျူးလွန်ခဲ့တာ မဟုတ်ဘဲ သေဆုံးသူတွေအချင်းချင်း သတ်ဖြတ်ခဲ့ကြောင်း ထွက်ဆိုထားတယ်လို့ ​ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက် (MWRN) ရဲ့ ဟတ်ရိုင်မြို့နယ် တာဝန်ခံ ကိုဘရီက Migrant Times ကိုပြောပါတယ်။“ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ်တော့ မသေချာသေးပေမယ့် မြန်မာနိုင်ငံဘက်ကလာတဲ့ သူတွေဖြစ်တယ်လို့ ယူဆထားတယ်။ လူကုန်ကူးရင်းဖြစ်တဲ့ လူသတ်မှုလို့ ထိုင်းအာဏာပိုင်တွေက ယူဆထားပါတယ် ” လို့ ကိုဘရီက ပြောပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *