Site icon Migrant Times

မြန်မာဂဟေဆက်ကျွမ်းကျင်လုပ်သား ၃၆ ဦးကိုရီးယားကိုထပ်မံရောက်ရှိ

မြန်မာဂဟေဆက်ကျွမ်းကျင်လုပ်သား ၃၆ ဦးကိုရီးယားကိုထပ်မံရောက်ရှိ

မတ် ၂၂ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံရှိသင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်မယ့် မြန်မာဂဟေဆက်ကျွမ်းကျင်လုပ်သား ၃၆ဦး ဟာမနေ့ကထပ်မံရောက်ရှိခဲ့တယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျွမ်းကျင်လုပ်သားE-7-3 ဗီဇာနဲ့ ရောက်ရှိလာတဲ့အဲဒီအလုပ်သမား ၃၆ဦးဟာ Hyundai MIPO Dockyard သင်္ဘောကျင်းမှာဝင်ရောက်လုပ်ကိုင်ကြမှာလို့သိရပါတယ်။အဲဒီအလုပ်သမားတွေဟာ ဒီနှစ်ထဲတတိယအသုတ်အနေနဲ့ရောက်ရှိလာတာဖြစ်ပြီးမတ်လ၁၇ရက်က ၃၃ဦးနဲ့ မတ်လ၁၂ရက်က ၁၇ဦးရောက်ရှိခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။
  • ဒါကြောင့် ၁၀ရက်အတွင်း ဂဟေဆက်ကျွမ်းကျင်လုပ်သား ၈၆ဦးကို တောင်ကိုရီးယားနိူင်ငံဆီစေလွှတ်နိူင်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားနိူင်ငံက ဒီနှစ်မှာ သင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာလုပ်သား ၅၀၀ ကိုခေါ်ယူဖို့သတ်မှတ်ထားပြီး ပုဂ္ဂလိကအေဂျင်စီ ၆ခုနဲ့သဘောတူညီမူရရှိထားတာဖြစ်ပါတယ်။”ဆက်တိုက်ထပ်လွှတ်ဖို့ရှိတယ်၊တချို့တွေကသင်တန်းမပြီးသေးဘူး”လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
  • သင်္ဘောကျင်းအတွက်ကျွမ်းကျင်လုပ်သားကို မနှစ်ကမြန်မာနိူင်ငံကနေ ဦးရေ ၁၀၀ ကျော်ခေါ်ယူဖို့ကိုရီးယားနိူင်ငံက ကမ်းလှမ်းခဲ့ပြီး ဒီနှစ်မှာ ဦးရေ ၅၀၀ အထိတိုးမြှင့်သွားတာဖြစ်ပါတယ်။အဲဒီလုပ်ငန်းအတွက်ကို ပုဂ္ဂလိကအေဂျင်စီတွေနဲ့ချိတ်ဆက်ခေါ်ယူတာဖြစ်ပြီး EPSစနစ်နဲ့အလုပ်သမားတွေကိုတော့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကသာစေလွှတ်တာဖြစ်ပါတယ်။လက်ရှိအဲဒီနိူင်ငံမှာ မြန်မာလုပ်သားဦးရေ ၅၀၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေကြတယ်လို့လည်း အလုပ်သမားရေးရာမှတ်တမ်းတွေအရသိရပါတယ်။

Exit mobile version