Site icon Migrant Times

မလေးရှားမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံက မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ မြန်မာသံရုံးထုတ်ပြန်

မလေးရှားမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံက မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ မြန်မာသံရုံးထုတ်ပြန်

မတ် ၂၃ ရ​က်၊ Migrant Times
  • မလေးရှားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေထံကနေ မသမာတဲ့နည်းနဲ့ငွေကြေးတောင်းခံတာတွေရှိနေတယ်လို့ ကွာလာလမ်ပူမြို့ရှိမြန်မာသံရုံးကထုတ်ပြန်ပါတယ်။နိုင်ငံကူးလက်မှတ်ပြုလုပ်တဲ့လုပ်ငန်းစဥ်​တွေအပေါ်မသိနားမလည်သူတွေကိုလိမ်လည်အမြတ်ထုတ်သူတွေက ငွေတောင်းခံတာတွေရှိနေတာလို့ ဆိုပါတယ်။သံရုံးအနေနဲ့မလေးရှားနိူင်ငံမှာနေထိုင်ခွင့်ကုန်ဆုံးသူတွေနဲ့နိူင်ငံကူးလက်မှတ်ထုတ်ယူဖို့ရက်ချိန်းကျော်သွားသူတွေကို လူသားချင်းစာနာမူနဲ့ နိူင်ငံသားတွေအဆင်ပြေစေဖို့ ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တွေကိုအခွင့်ကောင်းယူပြီးလိမ်လည်အမြတ်ထုတ်မူတွေရှိနေတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
  • ဒါကြောင့် သတ်မှတ်ရက်ချိန်းအတိုင်းထုတ်ယူသူတွေကိုသာဦးစားပေးဆောင်ရွက်ပေးတော့မှာဖြစ်ပြီးသတ်မှတ်ရက်ချိန်းအတိုင်းအတိအကျဆောင်ရွက်ကြဖို့နဲ့ ရက်ချိန်းကျော်သွားသူတွေကိုပြန်လည်စီစစ်ဆောင်ရွက်ပေးမယ်လို့အသိပေးထားပါတယ်။ဒါ့အပြင် နိူင်ငံကူးလက်မှတ်ပြုလုပ်မူနဲ့ပတ်သက်လို့ သတင်းအမှားဖြန့်ဝေနေသူတွေကိုလည်းဖော်ထုတ်အရေးယူဆောင်ရွက်မယ်ဆိုပြီး လည်းဖော်ပြထားပါတယ်။အဲဒီလို နိူင်ငံကူးလက်မှတ်ပြုလုပ်သူများထံမှငွေကြေးတောင်းခံသူများထဲတွင် သံရုံးဝန်ထမ်းများလည်းပါဝင်ပတ်သက်နေပြီးအဲဒါကိုတော့ ထုတ်ပြန်ချက်မှာထိန်ချန်ထားတယ်လို့ မလေးရှားရောက်မြန်မာနိူင်ငံသားတချို့ကဆိုပါတယ်။
  • “သူဝန်ထမ်းတွေကပဲ ရစ်တာ၊ငွေရှာနေတာကျနှုတ်ပိတ်နေတယ်။သံရုံးမှာပတ်စ်ပို့ကိစ္စလုပ်ဖို့ဘယ်လောက်ဒုက္ခများလဲဆိုတာကြုံဖူးသူတွေသိတယ်”လို့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောပါတယ်။လက်ရှိမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ရက်ချိန်းယူရင် လပေါင်းများစွာခွာပေးတာ၊ အမြန်လိုချင်သူတွေငွေပိုပေးရတာတွေရှိနေတယ်ဆိုပြီးလည်း မလေးရှားရောက်မြန်မာအသိုင်းအဝိုင်းအကြားပြောဆိုမှုတွေရှိနေပါတယ်။

Exit mobile version