ထိုင်းနိုင်ငံ၊ ဘန်ကောက်ပတ်ဝန်းကျင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ထိုင်းလဝက စစ်ဆေးမှုများလာ
မတ် ၂၆ ရက်၊ Migrant Times
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပတ်ဝန်းကျင်က ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက အခုရက်ပိုင်း ဝင်ရောက်စစ်ဆေးမှုတွေ များနေတယ်လို့ သိရပါတယ်။”ရိုးရိုးရဲ ပုလိပ်ဝင်ရင် သိပ်ကြောက်စရာမလိုဘူး။ဒီလို လဝက ဝတ္စုံ ဝတ်ပြီး ဝင်လာရင်တော့ဘတ်ရှိဘာညာ စိတ်မဝင်စားဘူး။ အကုန်စစ် ဖမ်းတာပဲ”လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။အလုပ်လုပ်ကိုင်ခွင့်ပြုစာအုပ်ထဲက အလုပ်ရှင်အမည်နဲ့လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်က အလုပ်ရှင်အမည်မတူဘူးဆိုရင်လည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။