တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၃၀ ကျော် စေလွှတ်
မတ် ၂၈ ရက်၊ Migrant Times
တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၃၈ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ မှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၅၃) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၄၂) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၈) ဦး၊
Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၃၈) ဦးစေလွှတ်ခဲ့တယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
(မတ်လ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy, Seoul)