Site icon Migrant Times

သင်္ကြန်ပိတ်ရက်အတွင်း အပိုဝင်ငွေရဖို့ အလုပ်ရှာသူတွေ များ

သင်္ကြန်ပိတ်ရက်အတွင်း အပိုဝင်ငွေရဖို့ အလုပ်ရှာသူတွေ များ

မတ် ၂၉ ရက်၊ Migrant Times
  • သင်္ကြန်ရက်ရှည်ပိတ်ရက်မှာ အပိုဝင်ငွေရဖို့ အဲဒီရက်အတွင်းနေ့စားနဲ့လုပ်နိုင်မယ့်အလုပ်ရှာသူတွေများနေတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။ပိတ်ရက်မှာ ခရီးသွားဖို့မရှိသူတွေ၊ အပျော်ပါးအလည်ပတ်မလုပ်ချင်သူတွေထဲက အလုပ်သမားတချို့ဟာ အနားလည်းမယူဘဲ တခြားအလုပ်တစ်ခုလုပ်ချင်နေကြတာလို့ဆိုပါတယ်။”ဒီအတိုင်းကြီးနေနေရမှာထက် အဲဒီပိတ်ရက်မှာအပိုဝင်ငွေရအောင်ဆိုပြီးရှာနေကြတာ။သင်္ကြန်က အရင်လိုရေကစားတာတွေမရှိ​နိုင်ဘူးလေ” လို့ ကိုယ်တိုင်အလုပ်ရှာနေသူတစ်ဦးက ပြောပါတယ်။
  • လက်ရှိမှာ တစ်ပိုင်တစ်နိုင် အိမ်တွင်းအထည်ချုပ်ရုံတွေက ပိတ်ရက်အတွင်း အလုပ်လုပ်ချင်သူတွေကို နေ့စားနဲ့ အလုပ်ပေးတာမျိုးတွေ ရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။”နေ့စား ရှစ်ထောင်၊ တစ်သောင်းပေးမယ်ဆိုတာမျိုးတွေ ရှိတယ်။ တချို့ကျတော့အထည်အရေအတွက်ပေါ်မူတည်ပြီးပေးမယ်ဆိုတာရော၊ ဒါပေမဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေဆိုတော့အများကြီးခေါ်မခိုင်းနိုင်ဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ဒီနှစ်သင်္ကြန်ပိတ်ရက်ဟာ ဧပြီလ ၈ ရက်ကနေ ၁၇ ရက်အထိ ဆယ်ရက်ကြာမှာဖြစ်ပြီး နယ်ဝေးကအလုပ်သမားအများစုက ဒေသတွင်းအခြေအနေတွေကြောင့် နေရပ်ပြန်ဖို့မရှိဘူးလို့သိရပါတယ်။

Exit mobile version