မလေးရှားရေပိုင်နက်မှာ မြန်မာရေလုပ်သား ငါးဦးပါဝင်တဲ့လှေ ဖမ်းဆီးခံရ

မလေးရှားရေပိုင်နက်မှာ မြန်မာရေလုပ်သား ငါးဦးပါဝင်တဲ့လှေ ဖမ်းဆီးခံရ
- မလေးရှားပင်လယ်ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ(မလေးရှားပင်လယ်ရေကြောင်းပို့ဆောင်ရေးအေဂျင်စီ)ဟာ ပီနန်ပြည်နယ်မှာ မနေ့ည သန်းခေါင်ယံအချိန်က ဒေသခံငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးခဲ့ပါတယ်။ပီနန်းပြည်နယ် ရေကြောင်းညွန်ကြားရေးမှူးဌာနမှ ပုံမှန်လှည့်ကင်းဆောင်ရွက်နေစဉ်ဒေသတွင်း C အတန်းအစား ငါးဖမ်းသင်္ဘောတစ်စင်းကို မလေးရှားရေကြောင်းကင်းလှည့်သင်္ဘောမှ တွေ့ရှိခဲ့တာလို့ သိရပါတယ်။
- Perak ၊ Pantai Remis အခြေစိုက်ဒေသခံ ငါးဖမ်းစက်လှေကို Muka Head ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၃၂.၇မိုင်မှာ စစ်ဆေး ထိန်းသိမ်းခဲ့ပြီး အဲဒီလှေမှာ ရေယာဉ်မှူးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ငါးဦးလိုက်ပါ စီးနင်း မောင်းနှင်နေတာလို့ ဆိုပါတယ်။လှေပေါ် လိုက်ပါသူတွေမှာ တရားဝင် သက်သေခံအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာမရှိတာကြောင့် လှေလိုင်စင် စည်းကမ်းဖောက်ဖျက်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
- သင်္ဘောနဲ့ အမှုထမ်းအားလုံးကို မလေးရှား ပင်လယ်ရေကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိထံ မလွှဲပြောင်းမီ Batu Maung Limbongan ဆိပ်ခံတံတားမှာ သက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။အရင်က ဖမ်းဆီးခြင်းနဲ့သတိပေးချက်များကို လိုက်နာခြင်းမရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မလေးရှား ရေကြောင်းသွားလာရေးက အသိပေးထားပါတယ်။