စင်္ကာပူက မြန်မာသံရုံးမှာ ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်သတ်မှတ်
ဧပြီ ၁ ရက်၊ Migrant Times
- စင်္ကာပူနိုင်ငံမှာ ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်ကောက်ယူမယ်လို့ အဲဒီနိုင်ငံက မြန်မာသံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ပတ်စ်ပို့စာအုပ်ကြေးကို လက်ရှိမှာ စင်္ကာပူဒေါ်လာ ၄၅ ဒေါ်လာ ကောက်ခံနေရာကနေ ဧပြီလ ၃ရက်ကစပြီး ဒေါ်လာ ၆၀ ကောက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုစာအုပ်ကြေးတိုးမြှင့်လိုက်ပေမယ့် သက်တမ်းလွန်ဒဏ်ကြေး၊ နှစ်ကျော်ဒဏ်ကြေးနဲ့ စာအုပ်ပျောက်ဆုံးမှုဒဏ်ကြေးတွေကိုတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
- ပတ်စ်ပို့စာအုပ်ကြေးတိုးမြှင့်လိုက်တဲ့အတွက် စင်္ကာပူရောက် မြန်မာတွေအတွက် ငွေကြေးကုန်ကျမှုပိုများလာစေမှာဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။” ပတ်စ်ပို့ သက်တမ်းတိုးတာကိုတော့ အဆင်ပြေအောင်လုပ်မပေးဘူး။ စာအုပ်ကြေးကျတော့ တိုးလိုက်တယ် ” လို့ စင်္ကာပူရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။လက်ရှိစင်္ကာပူနိုင်ငံမှာ သံရုံးက ပတ်စ်ပို့သက်တမ်းတိုးချင်တဲ့သူတွေကို ရက်ချိန်းပေးရာမှာ အချိန်ကြန့်ကြာတာတွေဖြစ်နေတယ်ဆိုပြီး ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။
- အဲဒီလို ပတ်စ်ပို့စာအုပ်ကြေးကို ပြီးခဲ့တဲ့လကလည်း အရှေ့အလယ်ပိုင်းဒေသက မြန်မာသံရုံးက မြန်မာကျပ်ငွေ ကျပ် ၄၀,၀၀၀ နီးပါး ထပ်တိုးသတ်မှတ်ခဲ့ပါသေးတယ်။အလားတူ ပြည်ပက မြန်မာသံရုံးတချို့မှာလည်း စာအုပ်ကြေးတွေ တိုးမြှင့်သတ်မှတ်နေပါတယ်။