ထိုင်းမှာ လေထု ညစ်ညမ်းမှုကြောင့် အိမ်မှာ အလုပ်လုပ်ဖို့ ဇင်းမယ် ပြည်နယ် အုပ်ချုပ်ရေးမှူးထုတ်ပြန်

ထိုင်းမှာ လေထု ညစ်ညမ်းမှုကြောင့် အိမ်မှာ အလုပ်လုပ်ဖို့ ဇင်းမယ် ပြည်နယ် အုပ်ချုပ်ရေးမှူးထုတ်ပြန်
- ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ ဇင်းမယ်ပြည်နယ်မှာ ဖုန်မှုန့်နဲ့ လေထုညစ်ညမ်းမှု အဆက်မပြတ် မြင့်တက်နေတာကြောင့် နေအိမ်မှ အလုပ်လုပ်ဖို့ အေဂျင်စီများအားလုံး ပူးပေါင်းဆောင်ရွက်ရန် ချင်းမိုင်အုပ်ချုပ်ရေးမှူးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။လေထုအရည်အသွေးPM 2.5 ဟာ စံတန်ဖိုးထက် ကျော်လွန်နေတာကြောင့် အခုလို ကြေညာချက်ထုတ်ပြန်ရတာဖြစ်ပြီးဆက်တိုက် ဆိုးရွားလာရင် ထပ်မံ အကြောင်းကြားမယ်လို့ ဆိုပါတယ်။ဇင်းမယ်ပြည်နယ်ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား အလုပ် လုပ်နေတဲ့ဒေသဖြစ်ပါတယ်။
