စက်ရုံလုပ်သားအများစု သင်္ကြန်ပိတ်ရက်မှာ နေရပ်ပြန်ဖို့ဝေခွဲမရသေးလို့ဆို မတ် ၂၁ ရက်၊ Migrant Time ရန်ကုန်က စက်ရုံလုပ်သားအများစုဟာ သင်္ကြန်ပိတ်ရက်မှာနေရပ်ပြန်ဖို့ဝေခွဲမရသေးဘူးလို့ပြောပါတယ်။အလုပ်သမားတွေအနေနဲ့ ပိတ်ရက်အတိအကျကိုစက်ရုံဘက်ကမထုတ်ပြန်သေးတာ၊ ယာဥ်စီးခမြင့်တက်တာ၊ နယ်မြေမတည်ငြိမ်တာမျိုးတွေရှိနေတာကြောင့် ခရီးသွားဖို့အတွက် အကြပ်ရိုက်နေတယ်လို့ဆိုပါတယ်။”တစ်နှစ်တစ်ခါတော့ကိုယ့်ဒေသကိုယ်ပြန်ချင်တာပေါ့၊အခြေအနေတွေကဘာမှန်းမသိတော့ မဆုံးဖြတ်ရသေးဘူး။နယ်တူအသိတွေလည်း အဲဒီအတိုင်းပဲ”လို့ စစ်ကိုင်းတိုင်းကနေလာရောက်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။…