ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်မှာ တရားမဝင်မြန်မာလုပ်သား ၁၀၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်မှာ တရားမဝင်မြန်မာလုပ်သား ၁၀၀ နီးပါး ဖမ်းဆီးခံရ

မေ ၃ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ထောင်ဖာဖွန်နယ်စပ်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ နီးပါး မတ်လ ၁ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။ဒေသခံရွာသားရဲ့ သတင်းပေးပို့ချက်အရ ဆူရစီရဲစခန်းမှ ရဲမှူးကြီး Sonthi Klang ဦးဆောင်ပြီး ထိုင်းအာဏာပိုင်တွေက ကင်းလှည့်စစ်ဆေးရာမှာ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ နီးပါးကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ဘန်ဦးလောင်းကျေးရွာ အမှတ်(၄)၊ ထာခွန်ကျေးရွာအုပ်စု၊ Thong Pha Phum မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ပထမအဖွဲ့မှာ မြန်မာနိုင်ငံသား အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၁၈ ဦး၊ ဒုတိယအဖွဲ့မှာ မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၃ ဦးကို တွေ့ရှိပြီး စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
  • တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ နီးပါးဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်ကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့လာကြတာဖြစ်ပြီး တစ်ဦးကို ဘတ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပွဲစားခ ပေးခဲ့ရတယ်လို့ စုံစမ်းတွေ့ရှိထားပါတယ်။သူတို့ဟာ စမွတ်စခွန်ခရိုင်၊ Rayong ခရိုင်၊ Kanchanaburi ခရိုင်နဲ့ Bangkok ​မြို့မှာ အလုပ်သွားလုပ်ကြမှာလို့ သိရပါတယ်။သူတို့အားလုံးကို Thong Pha Phum ရဲစခန်းမှာ လတ်တလောထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *