ဒီဇင်ဘာ ၁၅ ရက်၊ Migrant Times
ထိုင်းနိုင်ငံတောင်ပိုင်း၊ Samui ကျွန်းက ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒီနေ့ မနက် ၆ နာရီလောက်မှာ အဲဒီ ဆောက်လုပ်နေဆဲ အဆောက်အအုံ ဧရိယာမှာ မြေပြိုကျမှု ဖြစ်ပွားခဲ့တာပါ။
မြေပြိုကျမှုမှာ အသက် ၂၇ နှစ်အရွယ်နဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာအလုပ်သမား အမျိုးသား နှစ်ဦး ပျောက်ဆုံးနေတာဖြစ်ပြီး သူတို့ကို ရှာဖွေနေတယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ- Khaosod News