ထိုင်းမှာ မြန်မာမောင်နှမနှစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ထိုင်းမှာ မြန်မာမောင်နှမနှစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဧပြီ ၂၆ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ မြန်မာမောင်နှမနှစ်ဦး တောသဘာဝဟင်းထွက်ရှာပြီးအပြန် မိုးကြိုးပစ်ခံရပြီး နှစ်ဦးစလုံးသေဆုံးခဲ့တယ်လို့ မဲဆောက်မီဒီယာကဖော်ပြပါတယ်။ဧပြီ ၂၅ ရက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖို့ဖရာ့မြို့နယ်အထဲမှာ မိုးသည်းထန်ရွာသွန်းမှုဖြစ်ပွားပြီး မြန်မာမောင်နှမနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ တောဟင်းထွက်ရှာစားရာကနေအပြန်မှာ မိုးကြိုးပစ်ချခံရပြီး နှစ်ယောက်စလုံးပွဲချင်းပြီးသေဆုံးခဲ့တာပါ။
  • မောင်နှမနှစ်ဦးအနက် အကိုဖြစ်သူက အသက် ၂၁ နှစ်နဲ့ ညီမဖြစ်သူက အသက် ၂၀ နှစ်သာရှိပြီး အဲ့ဒီဒေသမှာ စိုက်ပျိုးရေးအလုပ်သမားတွေဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဖို့ဖရာ့မြို့နယ်ကယ်ဆယ်ရေးအသင်းတွေနဲ့ မြို့နယ်ဆေးရုံကြီးတို့ပူးပေါင်းပြီး သေဆုံးမှုအဖြေအစစ်မှန်ကိုအသေးစိပ်သိရှိဖို့အတွက် ဓါတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ – MaeSot Media

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *