Site icon Migrant Times

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်၌ရုတ်တရက်သေဆုံး

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်၌ရုတ်တရက်သေဆုံး

ဧပြီ ၂၇ ရက်၊ Migrant Times
  • မလေးရှားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်တွင် ရုတ်တရက်သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုမိသားစုဆန္ဒအရမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ဖို့စီစဥ်နေတယ်လို့ကပုန်းမြို့ ရှိမြန်မာလူမူကူညီရေးအသင်း (မလေးရှား)ထံကသိရပါတယ်။မလေးရှားနိုင်ငံ ကွာလာစလန်းကောပြည်နယ်၊ စကင်းချမ်းမြို့ မှာနေထိုင်တဲ့ အသက်၄၇နှစ်အရွယ်ဦးကိုလေးမှာဧပြီ၂၄ရက်ကပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်မှာရုတ်တရက်သွေးတိုး၊နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တာလို့မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ကထုတ်ပြန်ပါတယ်။
  • ကွယ်လွန်သူဟာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကနေသွားရောက်လုပ်ကိုင်သူဖြစ်တယ်လို့ဆိုပါတယ်။ကျန်ရစ်တဲ့ခန္ဓာကိုယ်ကိုမိသားစုများမှ မြန် မာနိုင်ငံမှာ သဂြိုလ်လိုတဲ့အတွက် အချိန်မီပြန်ပို့ပေးဖို့အကူအညီတောင်းခံလာတာကြောင့် ဧပြီ ၂၈ ရက်၊ သောကြာနေ့မှာ မင်္ဂလာဒုံလေဆိပ်အရောက် ပြန်ပို့ပေးဖို့စီစဥ်နေတယ်လို့လည်းအဲဒီအသင်းကထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့အရောက်တွင် စေတနာရှင်လူမှူကူညီရေးအသင်း (ပုဇွန်တောင်မြို့)မှ ထားဝယ်မြို့နေအိမ်အရောက်ဆက်ပြီးကူညီဆောင်ရွက်ပို့ဆောင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်တွင် ရုတ်တရက်သေဆုံးမှုဖြစ်ခဲ့သေးပါတယ်။

Exit mobile version