Site icon Migrant Times

ချင်းရိုင်ခရိုင်မှာ မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ

ချင်းရိုင်ခရိုင်မှာ မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ

မေ ၄ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှာ မြန်မာလုပ်သား ၃၀ ဦး မနေ့ညက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲ ဝင်ရောက်လာတဲ့ အနက်ရောင်ကား ၂ စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးစစ်​ဆေးရာကနေ ကားပေါ် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးကို ဖမ်းဆီမိခဲ့တာဖြစ်ပါတယ်။အဲဒီမြန်မာနိုင်ငံသားတွေဆီမှာ နယ်စပ်ဖြတ်ကျော်ခွင့် ရက်တိုလက်မှတ်ရှိပေမယ့် သတ်မှတ်နယ်မြေ ကျော်လွန်မှုနဲ့ ရော့ဝိန်းကျေးရွာအုပ်စု၊ မွိုင်ချင်းရိုင်၊ ချင်းရိုင်ခရိုင် နယ်စပ် ကီလိုမီတာ ၆၀ ခန့်အကွာ၊ ချင်းရိုင်ကောလိပ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။
  • ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂၄ နှစ်ကနေ ၄၅ နှစ်ကြား အမျိုးသား ၉ ဦး၊ အသက် ၁၈ နှစ်ကနေ ၄၀ နှစ်ကြား အမျိုးသမီး ၁၀ ဦးနဲ့ အသက် ၅ နှစ်ကနေ ၁၅ နှစ်ကြား ကလေးငယ် ၁၁ ဦး၊ စုစုပေါင်း ၃၀ ဦး ပါဝင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက လာကြတာလို့ သိရပါတယ်။သူတို့ကို ကားမောင်းပို့ပေးတဲ့ ယာဥ်မောင်း မစ္စတာ အိုကဒ် အသက် (၄၄) နှစ်၊ မစ္စတာ ဆမ်ချိုင်း အသက် ၂၂ နှစ်တို့ကိုလည်း တရားမ၀င် နိုင်ငံခြားသားတွေ ခိုးပြီးတင်ဆောင်လာမှုနဲ့အရေးယူ အမှုဖွင့်ထားကြောင်း သိရပါတယ်။သူတို့အားလုံးကို Muang Chiang Rai နယ်မြေရဲစခန်းက​ေနဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား/ဓာတ်ပုံ-MAESAIPRESS
Exit mobile version