Site icon Migrant Times

ဖုတ်ဖရာမြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ ဖုတ်ဖရာမြို့နယ်တွင် တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး မှ ယနေ့(ဇွန်လ ၁၈ရက်)ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနမှအဖွဲ့သည် ဖုတ်ဖရာရဲစခန်းနှင့် ပူးပေါင်းကာ ဖုတ်ဖရာမြို့နယ်၊ ရွမ်ထိုင်းဖတ်ထနာမြို့၊ အမှတ် ၆ ရွမ်ထိုင်းဖတ်ထနာကျေးရွာ အနောက်ဘက်ရှိ ပြောင်းခင်းတစ်ခုတွင် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်းသိရသည်။

၎င်းတို့ကို ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် အတွက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဖုတ်ဖရာရဲစခန်းသို့ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်သည်။

Photo – Tak Immigration

Exit mobile version