“အသက် ၄၇ ဆိုပေမယ့် ကျွန်တော် အားမလျှော့ဘူး”

ထိုင်းနိုင်ငံ မဲဆောက်မြို့သည် မြန်မာနိုင်ငံ မြဝတီမြို့ တစ်ဖက်ကမ်းရှိ နယ်စပ်မြို့ဖြစ်ပြီး မြန်မာရွှေ့ပြောင်းအများစု အခြေချရာဒေသဖြစ်သည်။ မဲဆောက်မြို့ကျောင်းပြင်ပ ပညာရေးရုံး အောက်ရှိ သင်ကြားရေးစင်တာများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ အပါအဝင် မြန်မာရွှေ့ပြောင်းကျောင်းသားများနှင့် သက်ကြီးပိုင်းကျောင်းသားများလည်း တက်ရောက်နေကြသည်။
ထိုင်းပညာရေးဝန်ကြီးဌာနမှ ထုတ်ထားသည့် သင်ရိုးညွန်းတန်းများဖြင့် သင်ကြားချိန် နာရီ ၂ဝဝ သင်ကြားပေးနေပြီး ရွှေ့ပြောင်းကျောင်းသား ၈ဝဝ ခန့်တက်ရောက်နေကြကြောင်း မဲဆောက်မြို့ကျောင်းပြင်ပ ပညာရေးရုံး တာဝန်ခံကပြောသည်။ ထိုအထဲတွင် အသက် ၄၇ အရွယ် မြန်မာကျောင်းသား ကိုဇော်လည်းအပါအဝင်ဖြစ်သည်။ ကိုဇော်သည် မဲဆောက်မြို့ရှိ ကျောင်းပြင်ပ ပညာရေးစင်တာ ကောစောနော (Non Formal Education – Thai System)စင်တာတစ်ခုတွင် ထိုင်းမူလတန်း တက်ရောက်နေခြင်းဖြစ်သည်။
ရိုက်ကူး-Border Echo
တည်းဖြတ် – Migrant Times