Site icon Migrant Times

ထိုင်းမှာ F4 နှင့်တူသည့် ရဲများက မူးယစ်ဆေးဝါးသုံးသူကိုဖမ်းဆီးပြီးနောက် ရေပန်းစား

ဇူလိူင် ၂၂ ၊ Migrant Times

ထိုင်းရဲအရာရှိ ၄ ဦးသည်မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် တင်ခဲ့သည့်ဓာတ်ပုံသည် F4 မင်းသားများနှင့်တူသည်ဆိုကာ လူမှုကွန်ရက်သုံးသူများအကြားရေပန်းစားနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘူရီရမ်ပြည်နယ်၊ ခရာဆန်ခရိုင်ရှိ လမ်ဒူအန်ရဲစခန်းမှ ရဲအရာရှိ ၄ ဦးသည် မက်သမ်ဖက်တမင်း သုံးစွဲသူကို ဖမ်းဆီးခဲ့ပြီး ရဲစခန်း၏ စုံစမ်းစစ်ဆေးရေးစာမျက်နှာတွင

အချစ်ဆိုတာ မူးယစ်ဆေးဝါးနဲ့တူတယ်။ မင်းရယူပိုင်ခွင့်ရှိပေမယ့် ပိုင်ဆိုင်ခွင့်တော့ မရှိဘူး” ဟူသော စာသားနှင့်အတူ တင်ခဲ့သည်။

တရားခံနောက်တွင် ဆံပင်ရှည်များနှင့် မတ်တပ်ရပ်ထားသည့် ရဲအရာရှိ ၄ ဦး၏ ဓာတ်ပုံကြောင့် အွန်လိုင်းအသုံးပြုသူများက ၎င်းတို့ကို ထိုင်ဝမ်အမျိုးသား သရုပ်ဆောင် အဆိုတော်အဖွဲ့ F4 နှင့်တူသည်ဟု နောက်ပြောင်ကာ မျှဝေခဲ့ကြသည်။

၎င်းနောက် ထိုင်းသတင်းထောက်များသည် လမ်ဒူအန်ရဲစခန်းသို့ သွားရောက်ခဲ့ပြီး လမ်ဒူအန်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ ရဲတပ်ကြပ်ကြီး အပီဝပ် ချူရတ်နှင့် တွေ့ဆုံခဲ့သည်။

ရဲတပ်ကြပ်ကြီး အပီဝပ်က ဓာတ်ပုံတွင်ပါဝင်သူများသည် သူနှင့် ရဲတပ်ကြပ်ကြီး ပူရာချက်၊ ရဲအရာခံဗိုလ် စရာဝု မနိုရတ်၊ ရဲတပ်ကြပ်ကြီး ဂျက်ခရာပွမတို့ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရဲတပ်ကြပ်ကြီး အပီဝပ်က မူဝါဒနှင့်အညီ မူးယစ်ဆေးဝါးနှင့် မှုခင်းနှိမ်နင်းရေး များကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ၊ လူငယ်များကို မူးယစ်ဆေးဝါးအလွဲသုံးမှုအကြောင်း သတိပေးရန် ရဲတပ်ဖွဲ့စာမျက်နှာတွင် ပုံများရိုက်တင်လေ့ရှိပြီး ဆွဲဆောင်နိုင်ရန် ခေတ်စားသည့် စာသားများကို ရေးသားလေ့ရှိကြောင်း သတင်းထောက်များကိုပြောသည်။

“ကျွန်တော်တို့ လုပ်ခဲ့တာတွေအားလုံးဟာ သံသယရှိသူကို လှောင်ပြောင်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ လူငယ်တွေ မူးယစ်ဆေးဝါးစွဲလမ်းမှုရဲ့ အကျိုးဆက်တွေကို မြင်စေချင်တာပါ။ ဖမ်းဆီးခံရရင် ဘယ်လို အရေးယူခံရမလဲ၊ သူတို့ရဲ့ အနာဂတ်တွေ ဘယ်လိုပျက်စီးသွားမလဲဆိုတာကိုပေါ့” ဟုရဲတပ်ကြပ်ကြီး ကဆိုသည်။

အွန်လိုင်းတွင် ပျံနှံခဲ့သည့် ပုံသည် ကင်မရာတွင်ပါသည့် ဆံပင်ရှည် ဖစ်တာကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး လူအများစိတ်ဝင်စားမှု ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း၊ အချို့ပုံများသည် အကြိမ် ၁,ဝဝဝ ကျော် မျှဝေခံရကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

လူမှုကွန်ရက်သုံးသူများ၏ F4 ဟု မှတ်ချက်များကို နားမလည်ခဲ့ဘဲ အွန်လိုင်းတွင် ရှာဖွေခဲ့ရာ F4 သည် နာမည်ကြီး ဒရာမာဇာတ်လမ်းတွဲတစ်ခုမှ အလွန် ရေပန်းစားခဲ့သော ထိုင်ဝမ်အမျိုးသားအဖွဲ့ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ရဲတပ်ကြပ်ကြီး အပီဝပ် ကဆိုသည်။

Exit mobile version