ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး ၆ ဦး သေဆုံး

ဇူလိူင် ၂၈ ၊ Migrant Times
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တူချပ်မြို့နယ်ရှိ အော်တိုကော်ဈေး Or Tor Kor တွင် ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၌ ပစ်ခတ်မှုဖြစ်ပွားပြီး၆ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
အသက် ၆၁ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသား သေနတ်သမားသည် အနက်ရောင်ရှပ်အင်္ကျီ၊ ပြောက်ကျား ဘောင်းဘီတိုဝတ်ဆင်ကာ ကျောပိုးအိတ်တစ်လုံးနှင့် ဈေးအတွင်းဝင်ရောက်ခဲ့ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ဦး၊ဈေးသည်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး သေနတ်သမားသည် မိမိကိုယ်ကိုပစ်ခတ်ကာ အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သေနတ်သမားသည် နခွန်ရတ်ချ်စီမာပြည်နယ်၊ ခေါင်ခရိုင်မှ ဖြစ်ပြီး လုံခြုံရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကာ ပစ်သတ်ခံရသည့် လုံခြုံရေးဝန်ထမ်းသုံးဦးနှင့် အတူ ကုမ္ပဏီတစ်ခုတည်းတွင် ယခင်က အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်သည်။
Photo – Khaosod / FB