ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင်ရေကြီး

ဇူလိူင် ၂၈ ၊ Migrant Times ။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေတက်ကာ ရေကြီးနေသည်။

မယ်ဆိုင်မြို့ရပ်ကွက်အများစုရေကြီးနေပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)အောက် ၌ ရေစီးဆင်းမှု ပိတ်ဆို့နေသော သစ်လုံးများနှင့် အမှိုက်စသည့် အတားအဆီးများ ရှင်းလင်းရန် အရေးပေါ် ဆောင်ရွက်နေကြသည်။

မယ်ဆိုင်ချောင်းရေတက်မှုကြောင့် တာချီလိတ်မြို့တွင်လည်း တာလော့ဈေးနှင့် ပုံထွန်ကျေးရွာတို့တွင် ရေဝင်ရောက်နေကြောင်းသိရသည်။

မယ်ဆိုင်ချောင်းရေသည် ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့ နံနက်တွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။

Photo – CM 108
ဇူလိူင်လ ၂၈ ရက်နေ့၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရေကြီးနေသည့်မြင်ကွင်း။

Similar Posts